YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:16-30

ရှင်ယောဟန် 19:16-30 JBMLE

ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ထို​သူ​တို့​လက်​သို့ အပ်​သ​ဖြင့်၊ သူ​တို့​သည် ကိုယ်​တော်​ကို​ယူ၍ ထုတ်​သွား​ကြ၏။ ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။- ထို​အ​ရပ်၌ ကိုယ်​တော်​ကို အ​ခြား​သော​သူ​နှစ်​ယောက်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ ထို​သူ​နှစ်​ယောက်​အ​လယ်​မှာ ယေ​ရှု​သည် နေ​ရာ​ကျ​သ​တည်း။- ပိ​လတ်​မင်း​သည်​လည်း က​မ္ပည်း​လိပ်​စာ​ကို​ရေး၍ လက်​ဝါး​ကပ်​တိုင်​တော်၌ တပ်​လေ၏။ လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဟု ရေး​ထား​သ​တည်း။- ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည်​ဖြစ်၍၊ ထို​လိပ်​စာ​ကို ဟေ​ဗြဲ​ဘာ​သာ၊ ဟေ​လ​သ​ဘာ​သာ၊ ရော​မ​ဘာ​သာ​အား​ဖြင့် ရေး​ထား​သော​ကြောင့် ယု​ဒ​လူ​များ​တို့​သည် ဖတ်​ကြ၏။- ထို​ကြောင့် ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ပိ​လတ်​မင်း​ထံ​သို့​ဝင်၍၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု မ​ရေး​ပါ​နှင့်။ ငါ​သည်​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​သည်​ဟု သူ​ဆို​ကြောင်း​ကို ရေး​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ပိ​လတ်​မင်း​က၊ ငါ​ရေး​ပြီး​သော​အ​ရာ​ကို ငါ​ရေး​ပြီ​ဟု ပြန်​ဆို၏။ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်၌ ရိုက်​ထား​ပြီး​မှ၊ အ​ဝတ်​တော်​တို့​ကို လေး​ပိုင်း​ပိုင်း၍ တစ်​ယောက်​တစ်​ပိုင်း​စီ ယူ​ကြ​လေ၏။ အ​တွင်း​အင်္ကျီ​တော်​ကား၊ မ​ချုပ်​ဘဲ​လျက် အ​ထက်​စွန်း​မှ​သည် အောက်​စွန်း​တိုင်​အောင် ရက်​သော​အင်္ကျီ​ဖြစ်​သော​ကြောင့်၊- ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။ ယေ​ရှု၏ လက်​ဝါး​ကပ်​တိုင်​တော်​နား​မှာ မယ်​တော်​နှင့် မယ်​တော်၏​ညီ​မ​ဖြစ်​သော က​လော​ဖ၏​မ​ယား မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ၏။- ထို​အ​ခါ မယ်​တော်​နှင့် ချစ်​တော်​မူ​သော​တ​ပည့်​တော်​သည် အ​နား​မှာ​ရပ်​နေ​သည်​ကို ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ မယ်​တော်​အား၊ အ​ချင်း​မိန်း​မ၊ သင်၏​သား​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း၊- တ​ပည့်​တော်​အား​လည်း၊ သင်၏​အ​မိ​ကို ကြည့်​ပါ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ ထို​အ​ခါ​မှ​စ၍ ထို​တ​ပည့်​တော်​သည် မယ်​တော်​ကို မိ​မိ​အိမ်၌ သိမ်း​ထား၏။ ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ရပ်၌ ပုံး​ရည်​နှင့်​ပြည့်​သော အိုး​တစ်​လုံး​ရှိ​သည်​ဖြစ်၍၊ ထို​သူ​တို့​သည် ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ဟုဿုပ်​ပင် အ​ကိုင်း​ဖျား၌​တပ်၍ ခံ​တွင်း​တော်​သို့​ကပ်​ထား​ကြ၏။- ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။