YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:14-18

ရှင်ယောဟန် 19:14-18 JBMLE

ထို​နေ့​အ​ချိန်​ကား၊ ပ​သ​ခါ​အ​ဖိတ်​နေ့ တစ်​ချက်​တီး​အ​ချိန်​လောက်​ရှိ၏။ ပိ​လတ်​မင်း​က​လည်၊ သင်​တို့၏ ရှင်​ဘု​ရင်​ကို ကြည့်​ကြ​လော့​ဟု ယု​ဒ​လူ​တို့​အား ပြော​ဆို​လျှင်၊- ထို​သူ​ကို​ထုတ်​ပါ။ ထုတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ရ​မည်​လော​ဟု မေး​ပြန်​လျှင်၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​က၊ အ​ကျွန်ုပ်​တို့၌ ကဲ​သာ​ဘု​ရင်​မှ​တစ်​ပါး အ​ဘယ်​ရှင်​ဘု​ရင်​မျှ​မ​ရှိ​ဟု ပြန်​ပြော​ကြ၏။- ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ထို​သူ​တို့​လက်​သို့ အပ်​သ​ဖြင့်၊ သူ​တို့​သည် ကိုယ်​တော်​ကို​ယူ၍ ထုတ်​သွား​ကြ၏။ ကိုယ်​တော်​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟူ၍ တွင်​သော​အ​ရပ်​သို့ ထွက်​တော်​မူ၏။ ထို​အ​ရပ်​ကား၊ ဟေ​ဗြဲ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​အ​မည်​ရှိ၏။- ထို​အ​ရပ်၌ ကိုယ်​တော်​ကို အ​ခြား​သော​သူ​နှစ်​ယောက်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ ထို​သူ​နှစ်​ယောက်​အ​လယ်​မှာ ယေ​ရှု​သည် နေ​ရာ​ကျ​သ​တည်း။

​ရှင်ယောဟန် 19:14-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။