YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 19:1-12

ရှင်ယောဟန် 19:1-12 JBMLE

ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ယူ၍​ရိုက်​ပြီး​မှ၊- စစ်​သူ​ရဲ​တို့​သည် ဆူး​ပင်​နှင့် ရက်​သော ဦး​ရစ်​ကို ခေါင်း​တော်၌​တင်၍၊ နီ​မောင်း​သော​ဝတ်​လုံ​နှင့် ခြုံ​စေ​ပြီး​လျှင်၊- ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု​ဆို၍ ရိုက်​ပုတ်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​မ​တွေ့​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ သူ့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​ထုတ်​ပြ​သည်​ဟု ဆို၏။- ထို​အ​ခါ ယေ​ရှု​သည် ဆူး​ပင်​ဦး​ရစ်​နှင့် နီး​မောင်း​သော​ဝတ်​လုံ​တို့​ကို ဝတ်​လျက် ပြင်​သို့​ထွက်​ကြွ​တော်​မူ၏။ ပိ​လတ်​မင်း​က​လည်း သူ့​ကို​ကြည့်​ကြ​လော့​ဟု ဆို၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လု​လင်​များ​တို့​က၊ ထို​သူ​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ၊ ရိုက်​ထား​ပါ​ဟု ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့​သည် သူ့​ကို​ယူ၍ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ။ ငါ​သည် သူ၌​အ​ပြစ်​ကို မ​တွေ့​ဟု​ဆို​လျှင်၊- ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​ယောင်​ဆောင်​သော​ကြောင့် အ​ကျွန်ုပ်​တို့၌​ရှိ​သော ဓ​မ္မ​သတ်​အ​တိုင်း သေ​ထိုက်​ပါ​သည်​ဟု​လျှောက်​ကြ၏။ ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည်​သာ၍ ကြောက်​သ​ဖြင့်၊ အိမ်​တော်​ဦး​ထဲ​သို့ ဝင်​ပြန်၍၊- ယေ​ရှု​အား၊ သင်​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ၊- ပိ​လတ်​မင်း​က​လည်း၊ ငါ​နှင့်​စ​ကား​မ​ပြော​သ​လော။ ငါ​သည် သင့်​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပိုင်​သည်​ကို​လည်း​ကောင်း၊ လွှတ်​ပိုင်​သည်​ကို​လည်း​ကောင်း၊ သင်​မ​သိ​လော​ဟု​ဆို​သော်၊- အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ​မှ​စ၍ ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွှတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ ယု​ဒ​လူ​တို့​က​လည်း၊ ထို​သူ​ကို​လွှတ်​လျှင် ကိုယ်​တော်​သည် ကဲ​သာ​ဘု​ရင်၏​အ​ဆွေ မ​ဟုတ်​ပါ။ ရှင်​ဘု​ရင်​လုပ်​သော​သူ​မည်​သည်​ကား၊ ကဲ​သာ​ဘု​ရင်၏​ရန်​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ၏။