YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 18:15-27

ရှင်ယောဟန် 18:15-27 JBMLE

ရှိ​မုန်​ပေ​တ​ရု​နှင့် အ​ခြား​သော တ​ပည့်​တော်​တစ်​ယောက်​သည် ယေ​ရှု​နောက်​တော်​သို့ လိုက်​ကြ၏။ ထို​တ​ပည့်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း၏ အ​သိ​အ​ကျွမ်း​ဖြစ်၍၊ ယေ​ရှု​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​ထဲ​သို့ ဝင်​လေ၏။- ပေ​တ​ရု​မူ​ကား​ပြင်၌ တံ​ခါး​နား​မှာ​ရပ်​နေ၏။ ထို​ကြောင့် ယဇ်​ပု​ရာ​ဟိတ်​မင်း​နှင့် အ​ကျွမ်း​ဝင်​သော တ​ပည့်​တော်​သည်​ထွက်၍ တံ​ခါး​စောင့်​မိန်း​မ​အား​ပြော​ပြီး​မှ ပေ​တ​ရု​ကို​သွင်း​လေ၏။- တံ​ခါး​စောင့်​မိန်း​မ​က ပေ​တ​ရု​အား၊ သင်​သည် ထို​သူ၏​တ​ပည့်​တို့​အ​ဝင်​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။- ထို​ကာ​လ၌ ချမ်း​သော​ကြောင့် ကျွန်​များ​နှင့် မင်း​လု​လင်​များ​တို့​သည် မီး​ခဲ​ပုံ​ကို​ထည့်၍ မီး​လှုံ​လျက်​နေ​ကြ၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့်​တ​ကွ​ရပ်၍ မီး​လှုံ​လျက်​နေ၏။ ထို​အ​ခါ ယဇ်​ပု​ရာ​ဟိတ်​မင်း​သည် တ​ပည့်​တော်​တို့​ကို​လည်း​ကောင်း၊ ဒေ​သ​နာ​တော်​ကို​လည်း​ကောင်း အ​ကြောင်း​ပြု၍ ယေ​ရှု​ကို မေး​မြန်း​စစ်​ကြော၏။- ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။- အ​ဘယ်​ကြောင့် ငါ့​ကို​မေး​မြန်း​သ​နည်း၊ ငါ​သည် အ​ဘယ်​သို့ ဟော​ပြော​သည်​ကို ကြား​နာ​သော​သူ​တို့​ကို မေး​မြန်း​လော့။ ငါ​ပြော​သော​စ​ကား​ကို ထို​သူ​တို့​သည် သိ​ကြ၏​ဟု မိန့်​တော်​မူ၏။- ထို​သို့​မိန့်​တော်​မူ​လျှင်၊ အ​နီး​အ​ပါး၌​ရပ်​နေ​သော မင်း​လု​လင်​တစ်​ယောက်​က၊ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဤ​သို့​ပြန်​ပြော​ရာ​သ​လော​ဟု ဆို​လျက် ယေ​ရှု​ကို​ရိုက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​စ​ကား​မ​မှန်​လျှင် မ​မှန်​ကြောင်း​ကို​ပြ​ပါ။ မှန်​လျှင် ငါ့​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု မိန့်​တော်​မူ၏။- အ​န္နတ်​မင်း​သည် ကိုယ်​တော်​ကို​ချည်​နှောင်​လျက် ရှိ​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ပို့​စေ​ခဲ့​ပြီ။ ရှိ​မုန်​ပေ​တ​ရု​သည် ရပ်၍ မီး​လှုံ​လျက်​နေ​သည်​တွင် အ​ချို့​သော​သူ​တို့​က၊ သင်​သည် သူ၏​တ​ပည့်​တို့​အ​ဝင် ဖြစ်​သည်​မ​ဟုတ်​လော​ဟု မေး​လျှင်၊ မ​ဟုတ်​ဘူး​ဟု ပေ​တ​ရု​ငြင်း​လေ၏။- ပေ​တ​ရု​ခုတ်၍ နား​ရွက်​ပြတ်​သော​သူ​နှင့် ပေါက်​ဖော်​တော်​သော ယဇ်​ပု​ရာ​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​က၊ သင်​သည် ဥ​ယျာဉ်၌ ယေ​ရှု​နှင့်​အ​တူ​ရှိ​သည်​ကို ငါ​မြင်​ခဲ့​ပြီ​မ​ဟုတ်​လော​ဟု ဆို​လျှင်၊- ပေ​တ​ရု​သည် တစ်​ဖန် ငြင်း​ပြန်​လေ၏၊ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်၏။

ရှင်ယောဟန် 18:15-27 အကြောင်း ဗီဒီယိုများ