YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 16:4-15

ရှင်ယောဟန် 16:4-15 JBMLE

ထို​အ​ချိန်​ကာ​လ​ရောက်​သော​အ​ခါ၊ ငါ​သည်​အ​ထက်​က ဤ​သို့​ပြော​ပြီး​သည်​ကို သင်​တို့​အောက်​မေ့​စေ​ခြင်း​ငှာ ယ​ခု​ပင် ငါ​ဟော​ပြော၏။ အ​စ​အ​ဦး၌ သင်​တို့​နှင့်​အ​တူ ငါ​ရှိ​သော​ကြောင့် ဤ​သို့​မ​ပြော​ဖူး​သေး။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ထံ​သို့ ယ​ခု ငါ​သွား​ရ​မည်​ဖြစ်၍၊ အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု သင်​တို့​မ​မေး​ကြ။- ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ငါ​ဟော​ပြော​သော​ကြောင့် သင်​တို့​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​သို့ ရောက်​ကြ၏။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သွား​လျှင် သင်​တို့​အ​ကျိုး​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​မ​သွား​လျှင် ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် သင်​တို့​ဆီ​သို့​မ​လာ။ ငါ​သွား​လျှင် ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​မည်။- ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။- ငါ့​ကို မ​ယုံ​ကြည်​ကြ​သော​ကြောင့် ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​မည်။- ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဖြစ်၍၊ သင်​တို့​သည် နောက်​တစ်​ဖန် ငါ့​ကို​မ​တွေ့​မ​မြင်​ရ​သော​ကြောင့်၊ အ​ပြစ်​ကင်း​ခြင်း​ကို ဖော်​ပြ​မည်။- ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​သော​ကြောင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ဖော်​ပြ​မည်။ သင်​တို့​အား ငါ​ပြော​စ​ရာ​စ​ကား အ​များ​ရှိ​သော်​လည်း၊ သင်​တို့​သည် ယ​ခု​မ​ခံ​နိုင်​ကြ။- သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ထို​ဝိ​ညာဉ်​တော်​သည် ရောက်​လာ​သော​အ​ခါ၊ သ​မ္မာ​တ​ရား​ကို သင်​တို့​အား အ​ကြွင်း​မဲ့ သွန်​သင်​ပြ​သလိမ့်​မည်။ ထို​ဝိ​ညာဉ်​တော်​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​မည်​အ​ဟုတ်။ ကြား​သ​မျှ​တို့​ကို ဟော​ပြော​လိမ့်​မည်။ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​တို့​ကို​လည်း သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- ထို​သူ​သည် ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- ခ​မည်း​တော်​နှင့်​စပ်​ဆိုင်​သ​မျှ​သည် ငါ​နှင့်​စပ်​ဆိုင်၏။ ထို​ကြောင့် ငါ​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို​ယူ၍ သင်​တို့​အား​ဖော်​ပြ​လိမ့်​မည်​ဟု ငါ​ပြော၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။