YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 15:5-8

ရှင်ယောဟန် 15:5-8 JBMLE

ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။- ငါ၌ မ​တည်​သော​သူ​သည် သွေ့​ခြောက်​သော​အ​ခက်​ကဲ့​သို့ ပြင်​သို့​ပစ်​လိုက်​ခြင်း​ကို​ခံ​ရ၏။ ထို​သို့​သော အ​ခက်​များ​ကို လူ​တို့​သည်​စု​သိမ်း၍ မီး​ထဲ​သို့ ချ​လိုက်​ကြ​သ​ဖြင့် မီး​လောင်​ခြင်း​သို့ ရောက်​ကြ၏။- သင်​တို့​သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည်​တောင်း​ချင်​သ​မျှ​ကို တောင်း၍​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။

Video for ရှင်ယောဟန် 15:5-8