YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 15:18-24

ရှင်ယောဟန် 15:18-24 JBMLE

လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​လျှင်၊ သင်​တို့​ကို မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သိ​မှတ်​ကြ​လော့။- သင်​တို့​သည် လော​ကီ​နှင့်​ဆက်​ဆံ​လျှင်၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆက်​ဆံ​သော သင်​တို့​ကို ချစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် လော​ကီ​နှင့် မ​ဆက်​ဆံ၊ လော​ကီ​ထဲ​က ငါ​ရွေး​ကောက်​သော​သူ​ဖြစ်​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ၏။- ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။- ထို​သူ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​သိ​သည်​ဖြစ်၍၊ ငါ၏​နာ​မ​ကြောင့် သင်​တို့​အား ထို​အ​မှု​ရှိ​သ​မျှ​တို့​ကို ပြု​ကြ​လိမ့်​မည်။- ငါ​သည် လာ၍ ထို​သူ​တို့​အား မ​ဟော​မ​ပြော​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ မိ​မိ​တို့​အ​ပြစ်​ကို ဝှက်၍ မ​ထား​နိုင်​ကြ။- ငါ့​ကို မုန်း​သော​သူ​သည် ငါ့​ခ​မည်း​တော်​ကို​မုန်း၏။- ငါ​သည် အ​ခြား​သူ​မ​ပြု​ဖူး​သော​အ​မှု​ကို ထို​သူ​တို့​ရှေ့​မှာ​မ​ပြု​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ သူ​တို့​သည် ထို​အ​မှု​ကို​မြင်​ရ၍ ငါ​နှင့် ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။