YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 15:1-12

ရှင်ယောဟန် 15:1-12 JBMLE

ငါ​သည် မှန်​သော​စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည်​လည်း ဥ​ယျာဉ်​စောင့်​ဖြစ်​တော်​မူ၏။- ငါ၌​အ​သီး​မ​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို ခုတ်​ပစ်​တော်​မူ၏။ အ​သီး​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို သာ၍ သီး​စေ​ခြင်း​ငှာ သုတ်​သင်​ရှင်း​လင်း​တော်​မူ၏။- သင်​တို့​သည် ငါ​ဟော​ပြော​သော​စ​ကား​အား​ဖြင့် ယ​ခု​ပင် ရှင်း​လင်း​လျက်​ရှိ​ကြ၏။- ငါ၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့၌​တည်​နေ​မည်။ စ​ပျစ်​ခက်​သည် အ​ပင်၌​မ​တည်​လျှင်၊ ကိုယ်​အ​လို​အ​လျောက် အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ၌​မ​တည်​လျှင် အ​သီး​မ​သီး​နိုင်​ကြ။- ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။- ငါ၌ မ​တည်​သော​သူ​သည် သွေ့​ခြောက်​သော​အ​ခက်​ကဲ့​သို့ ပြင်​သို့​ပစ်​လိုက်​ခြင်း​ကို​ခံ​ရ၏။ ထို​သို့​သော အ​ခက်​များ​ကို လူ​တို့​သည်​စု​သိမ်း၍ မီး​ထဲ​သို့ ချ​လိုက်​ကြ​သ​ဖြင့် မီး​လောင်​ခြင်း​သို့ ရောက်​ကြ၏။- သင်​တို့​သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည်​တောင်း​ချင်​သ​မျှ​ကို တောင်း၍​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။- ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​ချစ်၏။ ငါ၏​ချစ်​ခြင်း​မေ​တ္တာ၌ တည်​နေ​ကြ​လော့။- ငါ​သည် ငါ့​ခ​မည်း​တော်၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ ခ​မည်း​တော်၏​မေ​တ္တာ၌ တည်​နေ​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ငါ့​မေ​တ္တာ၌ တည်​နေ​ကြ​လိမ့်​မည်။- သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။- ငါ့​ပ​ညတ်​ဟူ​မူ​ကား၊ ငါ​သည် သင်​တို့​ကို​ချစ်​သည်​နည်း​တူ၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လော့။

​ရှင်ယောဟန် 15:1-12 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။