YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 13:1-12

ရှင်ယောဟန် 13:1-12 JBMLE

ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။- ကိုယ်​တော်​ကို အပ်​နှံ​မည်​အ​ကြောင်း မာရ်​နတ်​သည် ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်၏ စိတ်​နှ​လုံး၌ အ​ကြံ​ပေး​သွင်း​နှင့်​သ​တည်း။ ထို​အ​ခါ ည​စာ​ကို​စား​ကြ​စဉ်၊- ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊- စား​ပွဲ​မှ​ထ၍ ဝတ်​လုံ​တော်​ကို​ချွတ်​ပြီး​လျှင်၊ ပ​ဝါ​ကို​ယူ၍ ခါး​ကို​စည်း​တော်​မူ၏။- ထို​နောက်​မှ ရေ​ကို​အင်​တုံ၌​လောင်း၍ တ​ပည့်​တော်​တို့၏ ခြေ​ကို​ဆေး​ပြီး​မှ ခါး၌​စည်း​ထား​သော​ပ​ဝါ​နှင့် သုတ်​တော်​မူ၏။ ရှိ​မုန်​ပေ​တ​ရု​ဆီ​သို့ ရောက်​တော်​မူ​သော​အ​ခါ ထို​တ​ပည့်​တော်​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ခြေ​ကို​ဆေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်​သည် ငါ​ပြု​သော​အ​မှု​ကို ယ​ခု​နား​မ​လည်​သေး။ နောက်​မှ​သိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ခြေ​ကို အ​လျှင်း​ဆေး​တော်​မ​မူ​ရ​ဟု လျှောက်၏။ ယေ​ရှု​က​လည်း၊ သင့်​ကို ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မ​ဆက်​ဆံ​ရ​ဟု မိန့်​တော်​မူ၏။- ရှိ​မုန်​ပေ​တ​ရု​က​လည်း၊ အ​ကျွန်ုပ်၏​ခြေ​ကို​သာ မ​ဆေး​ပါ​နှင့်။ လက်​ကို​လည်း​ကောင်း၊ ဦး​ခေါင်း​ကို​လည်း​ကောင်း ဆေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်၏။- ယေ​ရှု​က​လည်း၊ ရေ​ချိုး​ပြီး​သော​သူ​မည်​သည်​ကား၊ ခြေ​ဆေး​ခြင်း​မှ​တစ်​ပါး ဆေး​ရ​သော​အ​ကြောင်း​မ​ရှိ၊ တစ်​ကိုယ်​လုံး​စင်​ကြယ်၏။ သင်​တို့​သည် စင်​ကြယ်​သော်​လည်း အ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ​ကို သိ​တော်​မူ​သော​ကြောင့်၊ သင်​တို့​တွင် တ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ​သ​တည်း။ ထို​သို့​သူ​တို့၏ ခြေ​ကို​ဆေး​တော်​မူ​ပြီး​မှ တစ်​ဖန်​ဝတ်​လုံ​ကို​ဝတ်၍ လျောင်း​တော်​မူ​လျက်၊ သင်​တို့၌ ငါ​ပြု​ခဲ့​သော​အ​မှု​ကို နား​လည်​ကြ​သ​လော။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။