YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:20-29

ရှင်ယောဟန် 12:20-29 JBMLE

ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။- ထို​သူ​တို့​သည် ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​သော ဖိ​လိ​ပ္ပု​ထံ​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို မြင်​ချင်​ပါ​သည်​ခင်​ဗျား​ဟု တောင်း​ပန်​ကြ၏။- ဖိ​လိ​ပ္ပု​သည်​သွား၍ အ​န္ဒြေ​ကို ကြား​ပြော​ပြီး​မှ၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရှု​ကို​လျှောက်၏။- ယေ​ရှု​က​လည်း၊ လူ​သား​သည် ဘုန်း​ပွင့်​ရ​သော​အ​ချိန်​ရောက်​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မြေ၌​ကျ​သော​စ​ပါး​စေ့​သည် မ​ပျက်​လျှင် တစ်​ခု​တည်း​နေ၏။ ပျက်​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။- မိ​မိ​အ​သက်​ကို နှ​မြော​သော​သူ​သည် အ​သက်​ဆုံး​လိမ့်​မည်။ ဤ​လော​က၌ မိ​မိ​အ​သက်​ကို မုန်း​သော​သူ​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို စောင့်​ရှောက်​လျက်​နေ၏။- ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။ ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။- အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။- ဝန်း​ရံ​လျက်​ရှိ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကြား​လျှင် မိုး​ချုန်း​သည်​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​မြွက်​သည်​ဟု ဆို​ကြ၏။

Video for ရှင်ယောဟန် 12:20-29