YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:12-36

ရှင်ယောဟန် 12:12-36 JBMLE

နက်​ဖြန်​နေ့၌ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​လာ​တော်​မူ​သည်​ကို၊ ထို​ပွဲ​သို့​လာ​သော လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​သည် ကြား​ရ​လျှင်၊- စွန်​ပ​လွံ​ခက်​များ​ကို ကိုင်​လျက်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၍၊ ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- ကျမ်း​စာ၌​လာ​သည်​ကား၊- အို ဇိ​အုန်​သ​တို့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​က​လေး​ကို​စီး၍ သင်​ရှိ​ရာ​သို့ ကြွ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည်​မြည်း​က​လေး​ကို​တွေ့၍ စီး​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​ကို တ​ပည့်​တော်​တို့​သည် အ​စ​အ​ဦး၌​နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို ရည်​မှတ်၍ ထို​သို့​ရေး​ထား​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​အား ထို​သို့​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ ဘုန်း​ပွင့်​တော်​မူ​သည်​နောက် သ​တိ​ရ၍ မှတ်​မိ​ကြ၏။ နောက်​တော်​သို့​လိုက်​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကား၊ လာ​ဇ​ရု​ကို သင်္ချိုင်း​တွင်း​မှ​ခေါ်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။- ထို​နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ​တော်​မူ​သည်​ဟု လူ​များ​တို့​သည် သ​တင်း​ကြား​သော​ကြောင့်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၏။- ဖာ​ရိ​ရှဲ​အ​ချင်း​ချင်း​တို့​လည်း၊ သင်​တို့​သည် အ​လျှင်း​မ​တတ်​နိုင်။ ဤ​လော​က​သည် ထို​သူ​နောက်​သို့ လိုက်​သွား​ပါ​ပြီ​တ​ကား​ဟု ပြော​ဆို​ကြ၏။ ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။- ထို​သူ​တို့​သည် ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​သော ဖိ​လိ​ပ္ပု​ထံ​သို့​သွား၍ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို မြင်​ချင်​ပါ​သည်​ခင်​ဗျား​ဟု တောင်း​ပန်​ကြ၏။- ဖိ​လိ​ပ္ပု​သည်​သွား၍ အ​န္ဒြေ​ကို ကြား​ပြော​ပြီး​မှ၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရှု​ကို​လျှောက်၏။- ယေ​ရှု​က​လည်း၊ လူ​သား​သည် ဘုန်း​ပွင့်​ရ​သော​အ​ချိန်​ရောက်​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မြေ၌​ကျ​သော​စ​ပါး​စေ့​သည် မ​ပျက်​လျှင် တစ်​ခု​တည်း​နေ၏။ ပျက်​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။- မိ​မိ​အ​သက်​ကို နှ​မြော​သော​သူ​သည် အ​သက်​ဆုံး​လိမ့်​မည်။ ဤ​လော​က၌ မိ​မိ​အ​သက်​ကို မုန်း​သော​သူ​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ကို စောင့်​ရှောက်​လျက်​နေ၏။- ငါ၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ငါ၏​အ​မှု​ဆောင်​သည်​လည်း ငါ​ရှိ​ရာ​အ​ရပ်၌ ရှိ​ရ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော​သူ​ဖြစ်​လျှင် ထို​သူ​ကို​ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လ​တ္တံ့။ ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ။- အို အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​ကို ချီး​မြှောက်​တော်​မူ​ပါ​ဟု မိန့်​မြွက်​တော်​မူ၏။ ထို​အ​ခါ ကောင်း​ကင်​မှ စ​ကား​သံ​ကား၊ ငါ​ချီး​မြှောက်​ခဲ့​ပြီ၊ တစ်​ဖန် ချီး​မြှောက်​ဦး​မည်​ဟု​လာ၏။- ဝန်း​ရံ​လျက်​ရှိ​သော လူ​အ​စု​အ​ဝေး​တို့​သည်​ကြား​လျှင် မိုး​ချုန်း​သည်​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​မြွက်​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​က၊ ထို​စ​ကား​သံ​သည် ငါ့​အ​ဖို့​အ​လို​ငှာ လာ​သည်​မ​ဟုတ်၊ သင်​တို့​အ​ဖို့​အ​လို​ငှာ​လာ၏။- ယ​ခု​တွင် ဤ​လော​က​သည် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။ ယ​ခု​တွင် ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် ပြင်​သို့ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။- ငါ​သည်​လည်း မြေ​ကြီး​နှင့်​ခွာ၍ မြှောက်​ထား​ခြင်း​ကို ခံ​ရ​လျှင် လူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​သို့ ငါ​ဆွဲ​မည်​ဟု မိန့်​တော်​မူ၏။- ထို​သို့ မိန့်​တော်​မူ​သော်၊ မိ​မိ​သည် အ​ဘယ်​သို့​သေ​ရ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။ လူ​များ​တို့​က​လည်း၊ ခ​ရစ်​တော်​သည် အ​စဉ်​အ​မြဲ​တည်​သည်​ဟု ပ​ည​တ္တိ​ကျမ်း၌​လာ​ကြောင်း​ကို အ​ကျွန်ုပ်​တို့ ကြား​သိ​ရ​ပြီ။ သို့​ဖြစ်​လျှင် လူ​သား​သည် မြှောက်​ထား​ခြင်း​ကို​ခံ​ရ​မည်​ဟု သင်​သည် အ​ဘယ်​သို့​ဆို​သ​နည်း။ ထို​လူ​သား​သည် အ​ဘယ်​သို့​သော​သူ​နည်း​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ အ​လင်း​သည် သင်​တို့​တွင်​ခ​ဏ​သာ​ရှိ၏။ အ​လင်း​ရှိ​စဉ်​အ​ခါ သွား​လာ​ကြ​လော့။ သို့​မ​ဟုတ်​လျှင် မှောင်​မိုက်​သည် သင်​တို့​ကို​မီ​လိမ့်​မည်။ မှောင်​မိုက်၌​သွား​သော​သူ​သည် အ​ဘယ်​ဆီ​သို့​မိ​မိ​သွား​သည်​ကို မိ​မိ​မ​သိ။- အ​လင်း​ရှိ​စဉ်​အ​ခါ အ​လင်း၏​သား​ဖြစ်​အံ့​သော​ငှာ အ​လင်း​ကို​ယုံ​ကြည်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည်​ထွက်​ကြွ၍ ထို​သူ​တို့​ကို တိမ်း​ရှောင်​လျက်​နေ​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။