YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 12:12-15

ရှင်ယောဟန် 12:12-15 JBMLE

နက်​ဖြန်​နေ့၌ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​လာ​တော်​မူ​သည်​ကို၊ ထို​ပွဲ​သို့​လာ​သော လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​သည် ကြား​ရ​လျှင်၊- စွန်​ပ​လွံ​ခက်​များ​ကို ကိုင်​လျက်၊ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​သွား​ကြ၍၊ ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- ကျမ်း​စာ၌​လာ​သည်​ကား၊- အို ဇိ​အုန်​သ​တို့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ရှင်​မင်း​ကြီး​သည် မြည်း​က​လေး​ကို​စီး၍ သင်​ရှိ​ရာ​သို့ ကြွ​တော်​မူ​သည်​ကို ကြည့်​ရှု​လော့​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည်​မြည်း​က​လေး​ကို​တွေ့၍ စီး​တော်​မူ၏။

Video for ရှင်ယောဟန် 12:12-15