YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:45-57

ရှင်ယောဟန် 11:45-57 JBMLE

ထို​အ​ခါ မာ​ရိ​ဆီ​သို့​လာ​သော ယု​ဒ​လူ​အ​များ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို မြင်​လျှင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။- အ​ချို့​မူ​ကား၊ ဖာ​ရိ​ရှဲ​တို့​ထံ​သို့​သွား၍ ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို ကြား​ပြော​ကြ၏။ ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​များ​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စည်း​ဝေး​စေ​ပြီး​လျှင်၊ ငါ​တို့​သည် အ​ဘယ်​သို့​ပြု​လျက် နေ​ကြ​သ​နည်း။ ထို​သူ​သည် များ​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို​ပြ၏။- သူ့​ကို ဤ​သို့​အ​လွတ်​ထား​လျှင် လူ​ခပ်​သိမ်း​တို့​သည် ယုံ​ကြည်​ကြ​လိမ့်​မည်။ ရော​မ​လူ​တို့​သည်​လည်း လာ၍ ငါ​တို့​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ငါ​တို့​အ​မျိုး​ကို​လည်း​ကောင်း သုတ်​သင်​ပယ်​ရှင်း​ကြ​လိမ့်​မည်​ဟု ပြော​ဆို​ကြ၏။- ထို​သူ​တို့​အ​ဝင် ထို​နှစ်​တွင် ယဇ်​ပု​ရာ​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​အ​မည်​ရှိ​သော​သူ​က၊ သင်​တို့​အ​လျှင်း မ​သိ​ကြ။- ယု​ဒ​လူ​မျိုး​အ​ကုန်​အ​စင် ပျက်​စီး​သည်​ထက်၊ လူ​တစ်​ယောက်​သည် လူ​များ​တို့​အ​တွက်​သေ​သော် သာ၍​ကောင်း​သည်​ကို သင်​တို့​သည် မ​ဆင်​ခြင်​ပါ​တ​ကား​ဟု ပြော​ဆို၏။- ထို​စ​ကား​ကို ကိုယ်​အ​လို​အ​လျောက် ပြော​ဆို​သည်​မ​ဟုတ်။ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​လျက်၊ ယေ​ရှု​သည် ထို​အ​မျိုး​အ​တွက် သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊- ထို​အ​မျိုး​အ​တွက်​သာ​မ​က အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏​သား​များ​ကို အ​တူ​စု​ဝေး​စေ​ခြင်း​ငှာ သေ​ရ​မည်​ဟူ၍​လည်း​ကောင်း၊ ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော၏။- ထို​နေ့​မှ​စ၍ ကိုယ်​တော်၏​အ​သက်​ကို​သတ်​ခြင်း​ငှာ တိုင်​ပင်​ကြံ​စည်​ကြ၏။- ထို​ကြောင့်၊ ယေ​ရှု​သည် နောက်​တစ်​ဖန် ယု​ဒ​လူ​တို့​တွင် ထင်​ရှား​စွာ မ​လှည့်​လည်​ဘဲ၊ ထို​အ​ရပ်​မှ​ထွက်၍ တော​နှင့်​အ​နီး ဧ​ဖ​ရိမ်​အ​မည်​ရှိ​သော​မြို့​သို့​ကြွ၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ နေ​တော်​မူ၏။ ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ခါ​နီး​တွင် လူ​များ​တို့​သည် မိ​မိ​တို့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ ပွဲ​မ​ခံ​မီ အ​ရပ်​ရပ်​တို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။- ထို​သူ​တို့​သည် ယေ​ရှု​ကို​ရှာ​ဖွေ၍၊ အ​ချင်း​တို့၊ အ​ဘယ်​သို့​ထင်​ကြ​သ​နည်း။ သူ​သည် ပွဲ​သို့​မ​လာ​သ​လော​ဟု ဗိ​မာန်​တော်၌​ရပ်​လျက် အ​ချင်း​ချင်း​မေး​မြန်း​ကြ၏။- ထို​အ​ခါ အ​ဘယ်​သူ​သည် ယေ​ရှု​ရှိ​ရာ​အ​ရပ်​ကို​သိ​လျှင် သူ့​ကို​ဖမ်း​ဆီး​စေ​ခြင်း​ငှာ ပြ​ညွှန်​ရ​မည်​ဟု ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် မှာ​ခဲ့​ကြ​ပြီ။

Video for ရှင်ယောဟန် 11:45-57