YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:21-26

ရှင်ယောဟန် 11:21-26 JBMLE

မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။- ယ​ခု သေ​လျက်​ရှိ​သော်​လည်း ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​တော်​မူ​သ​မျှ​အ​တိုင်း ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ကို ကျွန်​မ​သိ​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်၏​မောင်​သည် ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- မာ​သ​က​လည်း၊ နောက်​ဆုံး​သော​နေ့​တည်း​ဟူ​သော ထ​မြောက်​ရာ​ကာ​လ၌ သူ​သည် ထ​မြောက်​လိမ့်​မည်​ကို ကျွန်​မ​သိ​ပါ​သည်​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။- ငါ့​ကို​ယုံ​ကြည်၍ အ​သက်​ရှင်​သော​သူ ရှိ​သ​မျှ​တို့​သည်​လည်း သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​ယုံ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မာ​သ​က၊ ဟုတ်​ပါ၏​သ​ခင်။

Video for ရှင်ယောဟန် 11:21-26

​ရှင်ယောဟန် 11:21-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။