ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကို သင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။- ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တစ်တိုင်လောက်သာ ကွာဝေးသည်ဖြစ်၍၊- မာသနှင့် မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှာ ယုဒလူများတို့သည် လာကြ၏။- ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှာ သွား၏။- မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။- ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။- မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။- ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။- ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။ ထိုသို့လျှောက်ပြီးမှ မာသသည်သွား၍ မိမိညီမ မာရိအား၊ အရှင်ဘုရား ရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။- မာရိသည် ထိုစကားကိုကြားလျှင် အလျင်တဆောထ၍ အထံတော်သို့ သွားလေ၏။- ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။- ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ၍ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှာ သင်္ချိုင်းသို့သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။- မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။- မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊- အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။- ယေရှုသည် မျက်ရည်ကျတော်မူ၏။- ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။
ရှင်ယောဟန် 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်ယောဟန် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 11:17-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ