YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 10:14-18

ရှင်ယောဟန် 10:14-18 JBMLE

ငါ​သည် ကောင်း​သော​သိုး​ထိန်း​ဖြစ်၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ၍၊ ငါ​သည်​လည်း ခ​မည်း​တော်​ကို သိ​သ​ကဲ့​သို့ ငါ၏​သိုး​တို့​ကို ငါ​သိ၏။ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ၏။- ငါ​သည် ကိုယ်​အ​သက်​ကို သိုး​တို့​အ​ဖို့​အ​လို​ငှာ စွန့်၏။- ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။- ငါ​သည် ကိုယ်​အ​သက်​ကို​စွန့်၍ နောက်​တစ်​ဖန် ယူ​ဦး​မည်​ဖြစ်​သော​ကြောင့်၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ကို ချစ်​တော်​မူ၏။- ငါ့​အ​သက်​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ။ ကိုယ်​အ​လို​အ​လျောက် ငါ​စွန့်၏။ ကိုယ်​အ​သက်​ကို စွန့်​ရ​သော​အ​ခွင့်​နှင့် နောက်​တစ်​ဖန် ကိုယ်​အ​သက်​ကို ယူ​ပြန်​ရ​သော​အ​ခွင့်​သည် ငါ၌​ရှိ၏။ ထို​အ​ခွင့်​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ၏။

​ရှင်ယောဟန် 10:14-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။