YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 10:1-21

ရှင်ယောဟန် 10:1-21 JBMLE

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ဝ​ဖြင့်​မ​ဝင်၊ အ​ခြား​လမ်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး​ဓား​ပြ​ဖြစ်၏။- သိုး​ထိန်း​မူ​ကား၊ တံ​ခါး​ဝ​ဖြင့်​ဝင်​တတ်၏။- ထို​သူ​အား တံ​ခါး​စောင့်​လည်း​ဖွင့်​တတ်၏။ သူ၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​ထောင်​တတ်​ကြ၏။ သူ​သည် မိ​မိ​သိုး​တို့​ကို နာ​မည်​ဖြင့်​ခေါ်၍ ပြင်​သို့ ထုတ်​ဆောင်​တတ်၏။- သိုး​များ​ကို​ထုတ်​သော​အ​ခါ သိုး​တို့​ရှေ့​မှာ​သွား၍ သိုး​များ​သည် သူ၏​စ​ကား​သံ​ကို ကျွမ်း​သော​ကြောင့် လိုက်​တတ်​ကြ၏။- မ​ဆိုင်​သော​သူ​တို့၏​စ​ကား​သံ​ကို မ​ကျွမ်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​နောက်​သို့​မ​လိုက်​ဘဲ ပြေး​တတ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။ ထို​ဥ​ပ​မာ​ပုံ​ကို ယေ​ရှု​ဟော​တော်​မူ​သည်​တွင်၊ ပ​ရိ​သတ်​တို့​သည် မိန့်​တော်​မူ​သော​စ​ကား​တော်၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​မ​လည်​ကြ။ ထို​ကြောင့် တစ်​ဖန်​ယေ​ရှု​က၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သည် သိုး​ဝင်​သော​တံ​ခါး​ဝ ဖြစ်၏။- ငါ​ရှေ့၌ ပေါ်​လာ​သော​သူ​ရှိ​သ​မျှ​တို့​သည် သူ​ခိုး​ဓား​ပြ​ဖြစ်​ကြ၏။ ထို​သူ​တို့၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​မ​ထောင်​ကြ။- ငါ​သည် တံ​ခါး​ဝ​ဖြစ်၏။ ငါ​ဖြင့်​ဝင်​သော​သူ​သည် ဘေး​နှင့် ကင်း​လွတ်​လျက် ထွက်​ဝင်၍ ကျက်​စား​ရာ​ကို တွေ့​ရ​လိမ့်​မည်။- သူ​ခိုး​သည်​ခိုး​ခြင်း၊ သတ်​ခြင်း၊ ဖျက်​ဆီး​ခြင်း​ငှာ​သာ လာ​တတ်၏။ ငါ​မူ​ကား၊ သိုး​တို့​သည် အ​သက်​လွတ်​ရုံ​မျှ​မ​က အ​ထူး​သ​ဖြင့် အ​သက်​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ လာ​သ​တည်း။ ငါ​သည် ကောင်း​သော​သိုး​ထိန်း​လည်း​ဖြစ်၏။ ကောင်း​သော​သိုး​ထိန်း​သည် သိုး​တို့​အ​ဖို့​အ​လို​ငှာ မိ​မိ​အ​သက်​ကို စွန့်​တတ်၏။- သိုး​များ​ကို​ပိုင်​သော သိုး​ထိန်း​မ​ဟုတ်၊ သူ​ငှား​ဖြစ်​သော​သူ​မူ​ကား၊ တော​ခွေး​လာ​သည်​ကို​မြင်​လျှင်၊ သိုး​တို့​ကို ပစ်​ထား၍ ထွက်​ပြေး​တတ်၏။ တော​ခွေး​သည်​လည်း၊ သိုး​တို့​ကို လု​ယက်၍ ကွဲ​လွင့်​စေ၏။- သူ​ငှား​သည် သူ​ငှား​ဖြစ်၍ သိုး​တို့၏​အ​ကျိုး​ကို မ​မှတ်​သော​ကြောင့် ထွက်​ပြေး​တတ်၏။- ငါ​သည် ကောင်း​သော​သိုး​ထိန်း​ဖြစ်၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ၍၊ ငါ​သည်​လည်း ခ​မည်း​တော်​ကို သိ​သ​ကဲ့​သို့ ငါ၏​သိုး​တို့​ကို ငါ​သိ၏။ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ၏။- ငါ​သည် ကိုယ်​အ​သက်​ကို သိုး​တို့​အ​ဖို့​အ​လို​ငှာ စွန့်၏။- ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။- ငါ​သည် ကိုယ်​အ​သက်​ကို​စွန့်၍ နောက်​တစ်​ဖန် ယူ​ဦး​မည်​ဖြစ်​သော​ကြောင့်၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ကို ချစ်​တော်​မူ၏။- ငါ့​အ​သက်​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ။ ကိုယ်​အ​လို​အ​လျောက် ငါ​စွန့်၏။ ကိုယ်​အ​သက်​ကို စွန့်​ရ​သော​အ​ခွင့်​နှင့် နောက်​တစ်​ဖန် ကိုယ်​အ​သက်​ကို ယူ​ပြန်​ရ​သော​အ​ခွင့်​သည် ငါ၌​ရှိ၏။ ထို​အ​ခွင့်​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​စ​ကား​တော်​ကြောင့် ယု​ဒ​လူ​တို့​သည် တစ်​ဖန် ကွဲ​ပြား​ခြင်း​ရှိ​ကြ၏။- လူ​များ​တို့​က၊ သူ​သည် နတ်​ဆိုး​စွဲ၍​အ​ရူး​ဖြစ်၏။ သူ့​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​ထောင်​သ​နည်း​ဟု ဆို​ကြ၏။- အ​ချို့​တို့​က၊ သူ့​စ​ကား​သည် နတ်​ဆိုး​စွဲ​သော​သူ၏​စ​ကား မ​ဟုတ်။ နတ်​ဆိုး​သည် မျက်​စိ​ကန်း​သော​သူ​တို့​ကို မြင်​စေ​ခြင်း​ငှာ တတ်​နိုင်​သ​လော​ဟု​ဆို​ကြ၏။

​ရှင်ယောဟန် 10:1-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။