YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 7:1-11

ယေရမိ 7:1-11 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​အ​ထံ​တော်​က နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊ သင်​သည် ဗိ​မာန်​တော်​တံ​ခါး​ဝ၌ ရပ်​လျက် ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဤ​တံ​ခါး​တို့​အ​တွင်း​သို့​ဝင်​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့ အ​ကျင့်​များ​တို့​ကို ပြု​ပြင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ကို ဤ​အ​ရပ်၌ ငါ​နေ​စေ​မည်။ ဤ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၊ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ဖြစ်​သ​တည်း​ဟု မု​သား​စ​ကား​ကို ပြော​သော​သူ​တို့၌ မ​မှီ​ဝဲ​ကြ​နှင့်။ သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့​အ​ကျင့်​များ​တို့​ကို စုံ​လင်​စွာ ပြု​ပြင်​လျှင်​လည်း​ကောင်း၊ အ​မှု​သည်​ချင်း​တို့​ကို သေ​ချာ​စွာ တ​ရား​သ​ဖြင့် စီ​ရင်​လျှင်​လည်း​ကောင်း၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ကို မ​ညှဉ်း​ဆဲ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို ဤ​အ​ရပ်၌ မ​သတ်၊ ကိုယ်​အ​ကျိုး​ကို ဖျက်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ချဉ်း​ကပ်​ဘဲ​နေ​လျှင်​လည်း​ကောင်း၊ သင်​တို့​ဘိုး​ဘေး​တို့​အား၊ ငါ​သည် အ​စဉ်​မ​ပြတ်​ပေး​သော​ပြည်​တည်း​ဟူ​သော ဤ​အ​ရပ်​ဌာ​န၌ သင်​တို့​ကို ငါ​နေ​စေ​မည်။ အ​ကျိုး​မ​ရှိ​ဘဲ မု​သား​စ​ကား​ကို​ပြော​သော​သူ​တို့၌ သင်​တို့​သည် ခို​လှုံ​ကြ၏။ သင်​တို့​သည် သူ့​ဥ​စ္စာ​ကို​ခိုး​လျက်၊ လူ​အ​သက်​ကို သတ်​လျက်၊ သူ့​မ​ယား​ကို​ပြစ်​မှား​လျက်၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​လျက်၊ ဗာ​လ​ဘု​ရား​ရှေ့၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​နောက်​သို့ လိုက်​လျက်​နှင့်၊ ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၌၊ ငါ့​ရှေ့​မှာ​ဝင်၍ ရပ်​လျက်၊ ဤ​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် ကယ်​နုတ်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို​ခံ​ရ​ပါ​ပြီ​ဟု လျှောက်​ရ​ကြ​မည်​လော။ ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်​ကို၊ သင်​တို့​သည် ဓား​ပြ​တွင်း​ကဲ့​သို့ ထင်​ကြ​သ​လော။ ဤ​အ​မှု​ကို ငါ့​ကိုယ်​တိုင်​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။