YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 49:12-18

ယေရမိ 49:12-18 JBMLE

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခွက်​ဖ​လား​ကို မ​သောက်​ထိုက်​သော​သူ​တို့​သည် အ​ကယ်၍ သောက်​ကြ​သည်​မှန်​လျှင်၊ သင်​သည်​အ​ပြစ်​ကို​မ​ခံ​ဘဲ ရှင်း​ရှင်း​လွတ်​ရ​မည်​လော။ မ​လွတ်​ဘဲ မ​နေ​ရ။ စင်​စစ် သောက်​ရ​မည်။ ဗော​ဇ​ရ​ပြည်​သည် အံ့​ဩ​ရာ၊ ကဲ့​ရဲ့​ရာ၊ လူ​ဆိတ်​ညံ​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​လိမ့်​မည်။ သူ​တို့၏ မြို့​အ​လုံး​စုံ​သည်​လည်း၊ အ​စဉ် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု၊ ငါ​သည် ကိုယ်​ကို တိုင်​တည်​ကျိန်​ဆို​ပြီး​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား ကြွေး​ကြော်​တော်​မူ​သံ​ကို ငါ​ကြား၏။ သင်​တို့​သည် စည်း​ဝေး၍၊ ဧ​ဒုံ​ပြည်​ကို တိုက်​ခြင်း​ငှာ စစ်​ချီ၍​လာ​ကြ​လော့​ဟု တစ်​ပါး​အ​မျိုး​သား​တို့​ထံ​သို့ သံ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​တွင် သင်​သည် ယုတ်​မာ​မည်​အ​ကြောင်း​နှင့်၊ လူ​တို့​တွင် အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ငါ​ပြု​မည်။ ကျောက်​ကြား​တို့၌​နေ၍ တောင်​ထိပ်​ကို ခို​လှုံ​သော​သူ​ဖြစ်​သော​ကြောင့်၊ သင်၏​ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ၊ သင်၏​မာ​န​သည် သင့်​ကို​လှည့်​စား​ပြီ။ သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ဧ​ဒုံ​ပြည်​သည်​အံ့​ဩ​ရာ​ဖြစ်၍၊ လျှောက်​သွား​သော​သူ​တိုင်း အံ့​ဩ​ကြ​လိမ့်​မည်။ သူ​ခံ​ရ​သော ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​ကြောင့် ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော​မြို့​တို့၏ ပျက်​စီး​ခြင်း​ကဲ့​သို့ ဖြစ်၍၊ ဧ​ဒုံ​ပြည်၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။