YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 31:2-13

ယေရမိ 31:2-13 JBMLE

တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​သည် တော၌​ကျေး​ဇူး​ကို​ခံ​ရ​ကြ​ပြီ။ ငါ​သည် ကြွ​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​ချမ်း​သာ​ပေး​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဝေး​ကထင်​ရှား၍ မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​မေ​တ္တာ​နှင့် သင့်​ကို​ငါ​ချစ်၏။ ထို​ကြောင့်၊ က​ရု​ဏာ​ကျေး​ဇူး​ကို သင်၌ ကြာ​မြင့်​စွာ​ပြ၏။ အို ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ၊ သင့်​ကို​တစ်​ဖန် ငါ​တည်​ဆောက်​သော​ကြောင့်၊ သင်​သည် တည်​ဆောက်​ခြင်း​သို့ ရောက်​လိမ်​မည်။ သင်​သည် တစ်​ဖန်​ပတ်​သာ​နှင့် တန်​ဆာ​ဆင်​လျက်၊ ရွှင်​မြူး​ခြင်း​ကို ပြု​သော​သူ​တို့​နှင့်​အ​တူ က​ခုန်​လျက်​သွား​လိမ့်​မည်။ ရှ​မာ​ရိ​တောင်​ပေါ်​မှာ စ​ပျစ်​ဥ​ယျာဉ်​ကို တစ်​ဖန်​စိုက်​လိမ့်​မည်။ ဥ​ယျာဉ်​လုပ်​သော​သူ​တို့​သည် စိုက်​ပျိုး၍၊ အ​သီး​ကို ကိုယ်​အ​လို​အ​လျောက် စား​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ကင်း​စောင့်​တို့​က၊ ထ​ကြ​လော့။ ငါ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ ဇိ​အုန်​တောင်​သို့ သွား​ကြ​ကုန်​အံ့​ဟု ကြွေး​ကြော်​ရ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ယာ​ကုပ်​အ​မျိုး​အား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ လူ​မျိုး​တို့၏​အ​ထွတ်၌ ကြွေး​ကြော်​ကြ​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​မျိုး​တည်း​ဟူ​သော၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ကို​ကယ်​တင်​တော်​မူ​ပြီ​ဟု မြွက်​ဆို​လျက် သ​တင်း​ကြား​လိုက်၍ ချီး​မွမ်း​ကြ​လော့။ သူ​တို့​ကို မြောက်​ပြည်​မှ ငါ​ဆောင်​ခဲ့၍၊ မြေ​ကြီး​စွန်း​မှ​စု​သိမ်း​မည်။ မျက်​စိ​ကန်း​သော​သူ၊ ခြေ​ဆွံ့​သော​သူ၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​ခံ​ရ​သော​မိန်း​မ​များ​လည်း ပါ​လျက်၊ ကြီး​စွာ​သော​အ​စည်း​အ​ဝေး​တို့​သည် ပြန်​လာ​ကြ​လိမ့်​မည်။ ငို​ကြွေး​လျက် လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​ရှိ​သော ထို​သူ​တို့​ကို ငါ​ပို့​ဆောင်​မည်။ မြစ်​နား​မှာ​လျှောက်​သော​လမ်း၊ ထိ​မိ၍ မ​လဲ​ရ​သော​လမ်း​ဖြောင့်​တို့၌ ငါ​သွေး​ဆောင်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ဘ​ဖြစ်၏။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငါ၏ သား​ဦး​ဖြစ်၏။ အို လူ​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ဝေး​သော​အ​ရပ်​ရပ်​တို့၌ ကြွေး​ကြော်၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော​သူ​သည် တစ်​ဖန် စု​သိမ်း​ပြီး​လျှင်၊ သိုး​ထိန်း​သည် မိ​မိ​သိုး​စု​ကို​စောင့်​တတ်​သ​ကဲ့​သို့ စောင့်​တော်​မူ​မည်​ဟု ကြား​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ​ပြီ။ သူ့​ထက်​အား​ကြီး​သော သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ထို​ကြောင့် အ​မျိုး​သား​တို့​သည်​လာ၍၊ ဇိ​အုန်​တောင်​ထိပ်၌ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခြင်း ကျေး​ဇူး​တည်း​ဟူ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​သ​ငယ်၊ နွား​သ​ငယ်​တို့​ကို​ရ​အံ့​သော​ငှာ စည်း​ဝေး​ကြ​လိမ့်​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်​သည် ရေ​လောင်း​သော ဥ​ယျာဉ်​ကဲ့​သို့​ဖြစ်၍၊ နောက်​တစ်​ဖန် ညှိုး​ငယ်​ခြင်း မ​ရှိ​ရ။ ထို​အ​ခါ သ​မီး​က​ညာ​သည် က​ခုန်​လျက်၊ လူ​ပျို၊ လူ​အို​တို့​နှင့်​တ​ကွ ပျော်​မွေ့​လိမ့်​မည်။ သူ​တို့ ညည်း​တွား​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ကို ငါ​ဖြစ်​စေ​မည်။ သူ​တို့​သည် ဝမ်း​နည်း​ခြင်း​ကို ခံ​ရ​သော​နောက်၊ စိတ်​သက်​သာ၍ ရွှင်​လန်း​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။