YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 29:4-7

ယေရမိ 29:4-7 JBMLE

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​စေ​တော်​မူ​သော သူ​အ​ပေါင်း​တို့​အား​မိန့်​တော်​မူ​သည်​ကား၊ အိမ်​တို့​ကို​ဆောက်၍ နေ​ရာ​ချ​ကြ​လော့။ ဥ​ယျာဉ်​တို့​ကို စိုက်​ပျိုး၍ အ​သီး​ကို စား​ကြ​လော့။ သင်​တို့​သည် ထို​ပြည်၌ ခေါင်း​ပါး​ခြင်း​မ​ရှိ၊ တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ မ​ယား​နှင့်​နေ၍ သား​သ​မီး​ကို​ဖွား​မြင်​ကြ​လော့။ သား​သ​မီး​တို့​ကို​လည်း၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ပေး​စား၍၊ တစ်​ဖန် သား​သ​မီး​ကို ဖွား​မြင်​စေ​ကြ​လော့။ ငါ​သည် သင်​တို့​ကို သိမ်း​သွား​စေ​သော မြို့​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ရှိ​မည်​အ​ကြောင်း​ကို ပြု​စု၍၊ ထို​မြို့​အ​ဖို့​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား မေ​တ္တာ​ပို့​ကြ​လော့။ ထို​မြို့၏​ငြိမ်​သက်​ခြင်း​အား​ဖြင့်၊ သင်​တို့​သည်​လည်း ငြိမ်​သက်​ခြင်း ရှိ​ကြ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။