YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 24:1-10

ယေရမိ 24:1-10 JBMLE

ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေခေါနိ​မင်း​အ​စ​ရှိ​သော ယု​ဒ​မှူး​မတ်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ရှေ့၌​ထား​သော သင်္ဘော​သ​ဖန်း​သီး တောင်း​နှစ်​လုံး​သည် ထင်​ရှား​လေ၏။ တောင်း​တစ်​လုံး၌​ကား၊ အ​ဦး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ အ​လွန်​ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​နှင့် ပြည့်​လျက်​ရှိ၏။ တစ်​လုံး၌​ကား၊ မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော သင်္ဘော​သ​ဖန်း​သီး​နှင့် ပြည့်​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယေ​ရ​မိ၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် သင်္ဘော​သ​ဖန်း​သီး​ကို မြင်​ပါ၏။ ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​သည် အ​လွန်​ကောင်း​ပါ၏။ ညံ့​သော​သင်္ဘော​သ​ဖန်း​သီး​သည် မ​စား​နိုင်​အောင် အ​လွန်​ညံ့​ပါ​သည်​ဟု ပြန်​လျှောက်၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​အ​ရပ်​မှ ခါ​လ​ဒဲ​ပြည်​သို့ ငါ​စေ​လွှတ်၍ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယု​ဒ​အ​မျိုး​သား​တို့​သည်၊ ဤ​ကောင်း​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ ဖြစ်​ကြ​သည်​ဟု ငါ​ဝန်​ခံ​မည်။ သူ​တို့၌ ကျေး​ဇူး​ပြု​မည်​ဟု ငါ​ကြံ​စည်၍၊ ဤ​ပြည်​သို့ တစ်​ဖန်​ဆောင်​ခဲ့​ဦး​မည်။ နောက်​တစ်​ဖန် မ​ဖြို​မ​ဖျက်​ဘဲ တည်​ဆောက်​မည်။ မ​နုတ်​မ​ပယ်​ဘဲ စိုက်​ထား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ သူ​တို့​သိ​နိုင်​သော စိတ်​နှ​လုံး​ကို ငါ​ပေး​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ၍၊ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​လိမ့်​မည်။ ငါ့​ထံ​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ပြန်​လာ​ကြ​လိမ့်​မည်။ မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့၊ ငါ​သည် ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍၊ မှူး​တော်​မတ်​တော်၊ ဤ​ပြည်၌ ကျန်​ကြွင်း​သော ယေ​ရု​ရှ​လင်​မြို့​သား၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော အ​မျိုး​သား​တို့​ကို ဖြစ်​စေ​မည်။ သူ​တို့​သည် ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​ခြင်း၊ ပုံ​ခိုင်း​ခြင်း၊ ဆဲ​ရေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို ခံ​ရ​မည်​အ​ကြောင်း၊ ငါ​သည် မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၌ နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​သို့ သူ​တို့​ကို အပ်​လိုက်​မည်။ သူ​တို့​နှင့် သူ​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​မှ၊ သူ​တို့​ကို မ​ပယ်​ရှင်း​မီ​တိုင်​အောင် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။