YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 11:1-8

ယေရမိ 11:1-8 JBMLE

ယေ​ရ​မိ​သို့​ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​ပ​ဋိ​ညာဉ်​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ ယ​နေ့ ဖြစ်​သည်​နှင့်​အ​ညီ၊ နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ကို​ငါ​ပေး​မည်​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ၌ ငါ​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍၊ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​ဖြစ်​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်၍၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း ကျင့်​ကြ​လော့​ဟု၊ သံ​မီး​ဖို​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့၏​ဘိုး​ဘေး​များ​ကို နုတ်​ဆောင်​သော​အ​ခါ သူ​တို့၌ ငါ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ​ဟု မိန့်​တော်​မူ​လျှင်၊ ငါ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊ အာ​မင်​ဟု လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယု​ဒ​မြို့​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​လမ်း​များ​တို့၌ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ဤ​ပ​ဋိ​ညာဉ်​စ​ကား​ကို နား​ထောင်၍ ကျင့်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု၊ သင်​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​က ငါ​နုတ်​ဆောင်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်၊ နား​ကို​မ​လှည့်​ဘဲ ဆိုး​ညစ်​သော မိ​မိ​တို့​စိတ်​နှ​လုံး​ခိုင်​မာ​ခြင်း​ရှိ​သည်​အ​တိုင်း၊ တစ်​ယောက်​မျှ​မ​ကြွင်း၊ လိုက်​သွား​ကြ​သော​ကြောင့်၊ ငါ​မှာ​ထား၍၊ သူ​တို့​မ​ကျင့်​သော ဤ​ပ​ဋိ​ညာဉ်​စ​ကား​အ​လုံး​စုံ​တို့​ကို၊ သူ​တို့​အ​ပေါ်၌ ငါ​သက်​ရောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။