ယေရမိသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့။ သင်သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည်စီးသော ပြည်ကိုငါပေးမည်ဟု၊ သင်တို့၏ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာကတိကို စောင့်ရသောအခွင့် ရှိစေခြင်းငှာ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရားဖြစ်မည်အကြောင်း၊ ငါ့စကားကို နားထောင်၍၊ ငါမှာထားသမျှအတိုင်း ကျင့်ကြလော့ဟု၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့၏ဘိုးဘေးများကို နုတ်ဆောင်သောအခါ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကားကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကိုခံစေဟု မိန့်တော်မူလျှင်၊ ငါက၊ အို ထာဝရဘုရား၊ အာမင်ဟု လျှောက်၏။ ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များနှင့် ယေရုရှလင်မြို့လမ်းများတို့၌ ဟစ်ကြော်ရမည်စကားဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင်၍ ကျင့်ကြလော့။ အကြောင်းမူကား၊ ငါ့စကားကို နားထောင်ကြလော့ဟု၊ သင်တို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနုတ်ဆောင်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊ သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သော မိမိတို့စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း၊ တစ်ယောက်မျှမကြွင်း၊ လိုက်သွားကြသောကြောင့်၊ ငါမှာထား၍၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံတို့ကို၊ သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော်မူ၏။
ယေရမိ 11 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 11:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ