YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 1:4-9

ယေရမိ 1:4-9 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်၍ မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။ ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။ သူ​တို့​ကို မ​ကြောက်​နှင့်။ သင့်​ကို​ကယ်​နုတ်​ခြင်း​ငှာ သင်​နှင့်​အ​တူ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ဆန့်၍ ငါ့​နှုတ်​ကို​တို့​တော်​မူ​လျက်၊ သင်၏​နှုတ်၌ ငါ့​စ​ကား​ကို​ငါ​သွင်း​ထား​ပြီ။

​ယေရမိ 1:4-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။