YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 7:4-8

တရားသူကြီး 7:4-8 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည် အ​လွန်​များ​သေး၏။ ရေ​ဆိပ်​သို့ ခေါ်​ခဲ့​လော့။ သူ​တို့​ကို ရေ​ဆိပ်​မှာ သင့်​အ​ဖို့ ငါ​စုံ​စမ်း​မည်။ ထို​အ​ခါ ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​သွား​ရ​မည်​ဟု ငါ​ဆို​လျှင်၊ ထို​သူ​သည် သွား​ရ​မည်။ ဤ​မည်​သော​သူ​မ​သွား​ရ​ဟု ငါ​ဆို​လျှင် ထို​သူ​သည် မ​သွား​ရ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် လူ​တို့​ကို ရေ​ဆိပ်​သို့​ခေါ်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ခွေး​သည် ရေ​ကို​လျက်၍ သောက်​သ​ကဲ့​သို့ လျှာ​နှင့်​လျက်၍ သောက်​သော​သူ​တစ်​စု၊ ဒူး​ထောက်​လျက် ဝပ်၍​သောက်​သော​သူ​တစ်​စု၊ ထို​လူ​နှစ်​စု​ကို ခွဲ​ထား​လော့​ဟု ဂိ​ဒေါင်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ မိ​မိ​လက်​ခုပ်​နှင့် ရေ​ကို​ယူ​သ​ဖြင့် လျက်၍​သောက်​သော​သူ သုံး​ရာ​ရှိ၏။ ကြွင်း​သော​သူ​အ​ပေါင်း​တို့​သည် ရေ​သောက်​ခြင်း​ငှာ ဒူး​ထောက်၍ ဝပ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လျက်၍ သောက်​သော​သူ သုံး​ရာ​အား​ဖြင့် သင့်​ကို​ငါ​ကယ်​တင်၍ မိ​ဒျန်​လူ​တို့​ကို သင့်​လက်၌​အပ်​မည်။ ကြွင်း​သော​သူ​တို့​ကို မိ​မိ​နေ​ရာ​သို့ ပြန်​သွား​စေ​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ၏။ ထို​သူ​တို့​သည် စား​စ​ရိတ်​နှင့် တံ​ပိုး​များ​ကို​ယူ၍၊ ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို မိ​မိ​နေ​ရာ​သို့ ဂိ​ဒေါင်​သည် လွှတ်​လိုက်​သ​ဖြင့်၊ ထို​သုံး​ရာ​သော​လူ​တို့​ကို​သာ မိ​မိ​နှင့်​အ​တူ ချန်​ထား​လေ၏။ မိ​ဒျန်​လူ​တို့​သည် သူ့​အောက်​ချိုင့်၌ တပ်​ချ​လျက် ရှိ​ကြ၏။