YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:25-40

တရားသူကြီး 6:25-40 JBMLE

ထို​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား​က၊ သင့်​အ​ဘ၏​နွား​ပိုက်​နှင့် အ​သက်​ခု​နစ်​နှစ်​ရှိ​သော ဒု​တိ​ယ​နွား​ထီး​ကို ယူ​ပြီး​လျှင်၊ သင့်​အ​ဘ​တည်​သော ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ဖြို​ဖျက်၍၊ ယဇ်​ပ​လ္လင်​အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​လော့။ ငါ​စီ​ရင်​သည်​အ​တိုင်း၊ ဤ​ကျောက်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ခုတ်​လှဲ​သော​သစ်​သား​ဖြင့် ဒု​တိ​ယ​နွား​ကို မီး​ရှို့၍ ယဇ်​ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​လည်း မိ​မိ​ကျွန်​ဆယ်​ယောက်​တို့​ကို ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​လေ၏။ မိ​မိ​အ​ဘ၏ အိမ်​သား​တို့​ကို​လည်း​ကောင်း၊ မြို့​သား​တို့​ကို​လည်း​ကောင်း ကြောက်၍၊ နေ့​အ​ချိန်၌ မ​ပြု​ဝံ့​သော​ကြောင့်၊ ည​အ​ချိန်၌ ပြု၏။ နံ​နက်​စော​စော မြို့​သား​တို့​သည် ထ​ကြ​သော​အ​ခါ၊ ဗာ​လ​ဘု​ရား၏ ယဇ်​ပ​လ္လင်​သည် ပြို​ပျက်​လျက်၊ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​လည်း​လဲ​လျက်၊ နောက်​တည်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ ဒု​တိ​ယ​နွား​ထီး​ကို ပူ​ဇော်​လျက်​ရှိ​သည်​ကို တွေ့​ကြ​လျှင်၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​စစ်​ကြော​လျှင်၊ ဤ​အ​မှု​ကို ယော​ရှ​သား​ဂိ​ဒေါင်​ပြု​ပြီ​ဟု လူ​အ​ချို့​တို့​သည် ဆို​ကြ၏။ ထို​အ​ခါ မြို့​သား​တို့​သည် ယော​ရှ​အား၊ သင်၏​သား​သည် ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို​ဖြို​ဖျက်၍ အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​သော​ကြောင့်၊ သူ့​ကို အ​သေ​ခံ​စေ​ခြင်း​ငှာ ထုတ်​လော့​ဟု ဆို​သော်​လည်း၊ ယော​ရှ​သည် တစ်​ဖက်၌​နေ​သော သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် ဗာ​လ​ဘု​ရား​ဘက်၌ အ​မှု​စောင့်​မည်​လော။ သူ့​ကို ကယ်​တင်​မည်​လော။ သူ့​ဘက်၌ အ​မှု​စောင့်​သော​သူ​သည်၊ နံ​နက်​မ​လွန်​မီ အ​သေ​ခံ​ပါ​လေ​စေ။ ဗာ​လ​သည် ဘု​ရား​မှန်​လျှင်၊ သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ပြန်​ပြော၏။ ထို​သို့ ဗာ​လ​ဘု​ရား​သည် သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ ထို​သူ​တစ်​ဖက် မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ဆို​လျက် သူ၏​သား​ကို ထို​နေ့၌ ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် မှည့်​သ​တည်း။ ထို​အ​ခါ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် စည်း​ဝေး​သ​ဖြင့်၊ ယေ​ဇ​ရေ​လ​ချိုင့်​သို့ ကူး​သွား၍ တပ်​ချ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဂိ​ဒေါင်​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် တံ​ပိုး​မှုတ်​သ​ဖြင့် အ​ဗျေ​ဇာ​သား​တို့​သည် လိုက်​ကြ၏။ တ​မန်​တို့​ကို မ​နာ​ရှေ​ခ​ရိုင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် လိုက်​ကြ၏။ တစ်​ဖန် အာ​ရှာ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​သို့ တ​မန်​တို့​ကို စေ​လွှတ်၍၊ ထို​ခ​ရိုင်​သား​တို့​သည်​လည်း စု​ဝေး​ရာ​သို့ လာ​ကြ၏။ ဂိ​ဒေါင်​သည်​လည်း ဘု​ရား​သ​ခင်​အား၊ ကိုယ်​တော်​သည် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​မှန်​လျှင်၊ အ​ကျွန်ုပ်​သည် သိုး​တစ်​ကောင်၏​အ​မွေး​ကို တ​လင်း၌ ထား​ပါ​မည်။ သိုး​မွေး​သည် နှင်း​စို၍၊ မြေ​တစ်​ပြင်​လုံး သွေ့​ခြောက်​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​ဟု တောင်း​လျှောက်​သည်​အ​တိုင်း ဖြစ်​လေ၏။ နံ​နက်​စော​စော​ထ၍ သိုး​မွေး​ကို​ညှစ်​သ​ဖြင့် နှင်း​ရည်​သည် အင်​တုံ​အ​ပြည့် ရှိ​လေ၏။ တစ်​ဖန် ဂိ​ဒေါင်​က၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​သာ​လျှောက်​ပါ​ဦး​မည်။ သိုး​တစ်​ကောင်၏​အ​မွေး​နှင့် ယ​ခု​တစ်​ကြိမ်​သာ စုံ​စမ်း​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​ပါ​စေ​ဟု ဘု​ရား​သ​ခင်​အား တောင်း​လျှောက်​သည်​အ​တိုင်း၊ ထို​ည၌​လည်း ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​ဖြင့်၊ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​လျက်​ရှိ၏။