YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:12-15

တရားသူကြီး 6:12-15 JBMLE

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကြည့်​ရှု၍ ယ​ခု သင်​ရ​သော​တန်​ခိုး​ကို အ​မှီ​ပြု​လျက် သွား​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​လိမ့်​မည်။ သင့်​ကို ငါ​စေ​ခိုင်း​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​က​လည်း၊ အို​သ​ခင်၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သို့ ကယ်​နုတ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး၌ သာ၍​ဆင်း​ရဲ​ပါ၏။ အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​အ​ဆွေ​အ​မျိုး၌ အ​ယုတ်​ဆုံး​သော သူ​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊