YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:11-24

တရားသူကြီး 6:11-24 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊ ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​ကြည့်​ရှု၍ ယ​ခု သင်​ရ​သော​တန်​ခိုး​ကို အ​မှီ​ပြု​လျက် သွား​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မိ​ဒျန်​လူ​တို့​လက်​မှ ကယ်​နုတ်​လိမ့်​မည်။ သင့်​ကို ငါ​စေ​ခိုင်း​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​က​လည်း၊ အို​သ​ခင်၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ဘယ်​သို့ ကယ်​နုတ်​နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး၌ သာ၍​ဆင်း​ရဲ​ပါ၏။ အ​ကျွန်ုပ်​သည်​လည်း၊ ကိုယ်​အ​ဆွေ​အ​မျိုး၌ အ​ယုတ်​ဆုံး​သော သူ​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​က​လည်း၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​လျှင် အ​ကျွန်ုပ်​နှင့် ယ​ခု​နှုတ်​ဆက်​တော်​မူ​ကြောင်း ထင်​ရှား​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် တစ်​ဖန်​လာ​ပြန်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ကိုယ်​တော်​ရှေ့၌ မ​တင်​မီ​တိုင်​အောင်၊ ဤ​အ​ရပ်​က ကြွ​သွား​တော်​မ​မူ​ပါ​နှင့်​ဟု တောင်း​ပန်​လျှင်၊ သင်​သည် ပြန်၍ မ​လာ​မီ​တိုင်​အောင် ငါ​နေ​မည်​ဟု မိန့်​တော်​မူ၏။ ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​က​လည်း၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​ယူ၍ ဤ​ကျောက်​ပေါ်​မှာ တင်​ထား​လော့။ အ​မဲ​သား​ပြုတ်​ရည်​ကို သွန်း​လောင်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ဂိ​ဒေါင်​သည် ပြု​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ဖြစ်​သည်​ကို ဂိ​ဒေါင်​သည် သိ​မြင်​သော​အ​ခါ၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ကို မျက်​နှာ​ချင်း​ဆိုင်၍ မြင်​ရ​ပါ​ပြီ​တ​ကား​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ချမ်း​သာ​ပါ​စေ။ မ​စိုး​ရိမ်​နှင့်။ သင်​သည် သေ​ဘေး​နှင့် လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ရပ်၌ ဂိ​ဒေါင်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​ရှာ​လုံ​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ဗျေ​ဇာ​သား၏​နေ​ရာ ဩ​ဖ​ရ​ရွာ၌ ယ​နေ့​တိုင်​အောင်​ရှိ​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။