YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 4:8-16

တရားသူကြီး 4:8-16 JBMLE

ဗာ​ရက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ကြွ​လျှင် အ​ကျွန်ုပ်​သွား​ပါ​မည်။ ကြွ​တော်​မ​မူ​လျှင်​မူ​ကား မ​သွား​ပါ​ဟု လျှောက်​သော်၊ ဒေ​ဗော​ရ​က၊ ငါ​သည် သင်​နှင့်​အ​တူ အ​မှန်​သွား​မည်။ သို့​သော်​လည်း သင်​သွား​ရာ​လမ်း၌ ဂုဏ်​အ​သ​ရေ​ကို မ​ရ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို မိန်း​မ၌ ရောင်း​တော်​မူ​မည်​ဟု​ဆို​ပြီး​မှ ထ၍ ဗာ​ရက်​နှင့်​အ​တူ ကေ​ဒေ​ရှ​မြို့​သို့ သွား​လေ၏။ ဗာ​ရက်​သည် နဿ​လိ​အ​မျိုး​သား၊ ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်၍ လိုက်​သော​သူ တစ်​သောင်း​နှင့်​တ​ကွ ဒေ​ဗော​ရ​ပါ​လျက် တက်​လေ၏။ မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။ အ​ဘိ​နောင်၏​သား ဗာ​ရက်​သည် တာ​ဗော်​တောင်​ပေါ်​သို့ တက်​ကြောင်း​ကို သိ​သ​ရ​အား ကြား​ပြော​လျှင်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။ ဒေ​ဗော​ရ​က​လည်း ထ​လော့။ ယ​နေ့​ကား ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို သင့်​လက်၌ အပ်​တော်​မူ​သော​နေ့ ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ ကြွ​တော်​မူ​ပြီ မ​ဟုတ်​လော​ဟု ဆို​လေ​သော်၊ ဗာ​ရက်​သည် လူ​တစ်​သောင်း​နှင့်​တ​ကွ တာ​ဗော်​တောင်​ပေါ်​က ဆင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​မှ​စ၍ သူ၏​ရ​ထား​များ​နှင့် ဗိုလ်​ပါ​စစ်​သည်​များ အ​ပေါင်း​တို့​ကို ဗာ​ရက်​ရှေ့​မှာ ဓား​ဖြင့် ရှုံး​စေ​တော်​မူ​သော​ကြောင့်၊ သိ​သ​ရ​သည် မိ​မိ​ရ​ထား​မှ​ဆင်း၍ ခြေ​ဖြင့်​ပြေး​လေ၏။ ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။