YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 5:7-20

ရှင်ယာကုပ် 5:7-20 JBMLE

ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ အ​ကယ်၍ လယ်​လုပ်​သော​သူ​သည် အ​ရင်​မိုး၊ နောက်​မိုး​ကို​ရ​သည်​တိုင်​အောင်၊ အ​ဖိုး​ထိုက်​သော မြေ​အ​သီး​ကို သည်း​ခံ​လျက် စောင့်​နေ၍ မျှော်​လ​င့်​တတ်၏။- သင်​တို့​သည်​လည်း သည်း​ခံ​လျက် စောင့်​နေ​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို မြဲ​မြံ​စေ​ကြ​လော့။ သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​သော​အ​ချိန် ရောက်​လု​နီး​ပြီ။- ညီ​အစ်​ကို​တို့၊ စစ်​ကြော​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း ငြင်း​ခုံ​ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ တ​ရား​စီ​ရင် ပိုင်​သော​သူ​သည် တံ​ခါး​နား​မှာ ရှိ​တော်​မူ၏။- ငါ့​ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဆင်း​ရဲ​ဒု​က္ခ​တွေ့​ခြင်း၊ သည်း​ခံ​ခြင်း၏ ပုံ​သက်​သေ​ကို ပြ​ကြ​ပြီ​ဟု မှတ်​ကြ​လော့။- သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။ ငါ့​ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​တွင် ကျိန်​ဆို​ခြင်း​ကို သာ၍​ရှောင်​ကြ​လော့။ ကောင်း​ကင်​ဘုံ​ကို တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ မြေ​ကြီး​ကို​တိုင်​တည်၍ မ​ကျိန်​ကြ​နှင့်။ ထို​မှ​တစ်​ပါး၊ အ​ဘယ်​အ​ကျိန်​အား​ဖြင့်​မျှ မ​ကျိန်​ကြ​နှင့်။ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​မှာ၊ ဟုတ်​သည်​ကို အ​ဟုတ်၊ မ​ဟုတ်​သည်​ကို မ​ဟုတ်​ဖြစ်​စေ​ကြ​လော့။ သင်​တို့​တွင် ဆင်း​ရဲ​ခံ​ရ​သော​သူ​ရှိ​လျှင် ဆု​တောင်း​စေ။ ရွှင်​လန်း​သော​သူ​ရှိ​လျှင် ဆာ​လံ​သီ​ချင်း​ကို​ဆို​စေ။- နာ​သော​သူ​ရှိ​လျှင်၊ သင်း​အုပ်​ကို​ခေါ်၍ သူ​တို့​သည် သ​ခင်​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ လူ​နာ​ကို​ဆီ​နှင့်​လူး၍ သူ့​အ​ပေါ်​မှာ ဆု​တောင်း​ကြ​စေ။- ထို​သို့​ပြု​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​တ္ထ​နာ​သည် လူ​နာ​ကို ကယ်​ဆယ်၍၊ သ​ခင်​ဘု​ရား​သည် သူ့​ကို​ထ​မြောက်​စေ​တော်​မူ​မည်။ သူ​သည် အ​ပြစ်​ပြု​မိ​သော်​လည်း ထို​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။- ဧ​လိ​ယ​သည် ငါ​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ ဖြစ်​သော်​လည်း၊ မိုး​မ​ရွာ​မည်​အ​ကြောင်း အ​ထူး​သ​ဖြင့် ဆု​တောင်း​သော​အ​ခါ၊ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မြေ​ပေါ်​သို့ မိုး​မ​ရွာ​ဘဲ​နေ၏။- တစ်​ဖန် ဆု​တောင်း​သော​အ​ခါ၊ မိုး​ကောင်း​ကင်​သည် မိုး​ရွာ​စေ၏။ မြေ​ကြီး​သည်​လည်း မိ​မိ​အ​သီး​ကို​သီး​လေ၏။ ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သ​မ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား၍ သူ​တစ်​ပါး​သည် ထို​သူ​ကို ပြန်​စေ​လျှင်​မူ​ကား၊- အ​ပြစ်​ရှိ​သော​သူ​ကို မှား​ယွင်း​သော​လမ်း​မှ ပြန်​စေ​သော​သူ​သည်၊ ဝိ​ညာဉ်​ကို သေ​ခြင်း​မှ​ကယ်​တင်၍ များ​စွာ​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်​သည်​ဟု ထို​သူ​သည် သိ​မှတ်​စေ။ ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ​ပြီး၏။