YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 5:13-16

ရှင်ယာကုပ် 5:13-16 JBMLE

သင်​တို့​တွင် ဆင်း​ရဲ​ခံ​ရ​သော​သူ​ရှိ​လျှင် ဆု​တောင်း​စေ။ ရွှင်​လန်း​သော​သူ​ရှိ​လျှင် ဆာ​လံ​သီ​ချင်း​ကို​ဆို​စေ။- နာ​သော​သူ​ရှိ​လျှင်၊ သင်း​အုပ်​ကို​ခေါ်၍ သူ​တို့​သည် သ​ခင်​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ လူ​နာ​ကို​ဆီ​နှင့်​လူး၍ သူ့​အ​ပေါ်​မှာ ဆု​တောင်း​ကြ​စေ။- ထို​သို့​ပြု​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​တ္ထ​နာ​သည် လူ​နာ​ကို ကယ်​ဆယ်၍၊ သ​ခင်​ဘု​ရား​သည် သူ့​ကို​ထ​မြောက်​စေ​တော်​မူ​မည်။ သူ​သည် အ​ပြစ်​ပြု​မိ​သော်​လည်း ထို​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။