YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 2:2-13

ရှင်ယာကုပ် 2:2-13 JBMLE

ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊- တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊- တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။- ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ လော​က​တွင် ဆင်း​ရဲ​သော​သူ​တို့​သည် ယုံ​ကြည်​ခြင်း ရ​တ​နာ​ကို ရ​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အား ပေး​မည်​ဟု ဝန်​ခံ​တော်​မူ​သော နိုင်​ငံ​တော်၏​အ​မွေ​ခံ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​သည် မ​ဟုတ်​လော။- သင်​တို့​သည် ဆင်း​ရဲ​သော​သူ​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​တ​ကား။ ငွေ​ရ​တတ်​သော သူ​တို့​သည် သင်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​သည် မ​ဟုတ်​လော။ တ​ရား​ပ​လ္လင်​ရှေ့​သို့ ဆွဲ​ငင်​ကြ​သည်​မ​ဟုတ်​လော။- သင်​တို့​ကို​သ​မုတ်​သော နာ​မ​တော်​မြတ်​ကို သူ​တို့​သည် ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လော့​ဟု ကျမ်း​စာ၌​ပါ​သော ရွှေ​ပ​ညတ်​တော်​ကို သင်​တို့​သည် စောင့်​ရှောက်​လျှင်၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ရာ​သို့​ရောက်​ကြ၏။- သို့​မ​ဟုတ် လူ​မျက်​နှာ​ကို​ထောက်​လျှင်၊ ဒု​စ​ရိုက်​ကို ပြု​သော​သူ​ဖြစ်​ကြ၏။ တ​ရား​ကို လွန်​ကျူး​သော​သူ​ဟု ပ​ညတ်​တော်​အား​ဖြင့် ထင်​ရှား​စွာ​ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို စောင့်​ရှောက်​သည်​တွင် တစ်​စုံ​တစ်​ခု၌​မှား​မိ​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​အ​ပြစ်​ရှိ၏။- သူ့​မ​ယား​ကို​မ​ပြစ်​မှား​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​သူ​က၊ လူ​အ​သက်​ကို မ​သတ်​နှင့်​ဟု ပ​ညတ်​တော်​မူ​သေး၏။ သို့​ဖြစ်၍ သင်​သည် သူ့​မ​ယား​ကို​မ​ပြစ်​မှား​ဘဲ​နေ​သော်​လည်း၊ လူ​အ​သက်​ကို သတ်​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သူ ဖြစ်၏။- လွှတ်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့​သော​သူ​ကဲ့​သို့၊ စ​ကား​ပြော​ခြင်း၊ အ​မှု​ပြု​ခြင်း​ကို စီ​ရင်​ကြ​လော့။- က​ရု​ဏာ​မ​ရှိ​သော​သူ​သည်၊ က​ရု​ဏာ​ကို​မ​ရ​ဘဲ၊ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ က​ရု​ဏာ​သည် တ​ရား​စီ​ရင်​ခြင်း​ကို​အောင်၍ ဝါ​ကြွား​တတ်၏။