YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 2:18-23

ရှင်ယာကုပ် 2:18-23 JBMLE

တစ်​နည်း​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ရှိ၏။ ငါ​သည် အ​ကျင့်​ရှိ၏။ သို့​ဖြစ်၍ သင်​သည်​အ​ကျင့်​မ​ရှိ​ဘဲ သင်၏​ယုံ​ကြည်​ခြင်း​ကို ပြ​လော့။ ငါ​မူ​ကား၊ အ​ကျင့်​အား​ဖြင့် ငါ၏​ယုံ​ကြည်​ခြင်း​ကို ပြ​မည်​ဟု ပြော​စ​ရာ​ရှိ၏။- ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​သည်​ဟု သင်​သည်​ယုံ၏။ ကောင်း​ပေ၏။ နတ်​ဆိုး​တို့​သည် ယုံ၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ၏။ လျှပ်​ပေါ်​သော​လူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်​သည်​ကို သိ​ချင်​သ​လော။- ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ မိ​မိ​သား​ဣ​ဇာက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ တင်​လှူ​ပူ​ဇော်​သော​အ​ခါ၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။- ယုံ​ကြည်​ခြင်း​သည် အ​ကျင့်​နှင့်​အ​တူ​ပြု​ပြင်၍၊ အ​ကျင့်​အား​ဖြင့် စုံ​လင်​သည်​ကို သိ​မြင်​ရ၏။- အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏ ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏​ဟူ​သော ကျမ်း​စ​ကား ပြည့်​စုံ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ဆွေ​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ၏။

​ရှင်ယာကုပ် 2:18-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။