YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 2:14-26

ရှင်ယာကုပ် 2:14-26 JBMLE

ငါ့​ညီ​အစ်​ကို​တို့၊ တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ယုံ​ကြည်​ခြင်း​ရှိ၏​ဟု ပြော​လျက်၊ အ​ကျင့်​ကို မ​ကျင့်​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။ ထို​ယုံ​ကြည်​ခြင်း​သည် ထို​သူ​ကို ကယ်​တင်​နိုင်​သ​လော။- ညီ​အစ်​ကို​နှ​မ​တို့​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ နေ့​တိုင်း စား​ရ​သော​အ​စာ​မ​ရှိ​သော​အ​ခါ၊- သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငြိမ်​ဝပ်​စွာ​သွား​ကြ​လော့။ နွေး​ကြ​လော့။ ဝ​ကြ​လော့​ဟု ပြော​လျက်၊ သူ​တို့​ကိုယ်​နှင့်​တော်​လျော်​သော အ​သုံး​အ​ဆောင်​ကို မ​ပေး​ဘဲ​နေ​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။- ထို​နည်း​တူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် တစ်​ပါး​တည်း​ရှိ​သော​ကြောင့် အ​သေ​ဖြစ်၏။- တစ်​နည်း​ကား၊ သင်​သည် ယုံ​ကြည်​ခြင်း​ရှိ၏။ ငါ​သည် အ​ကျင့်​ရှိ၏။ သို့​ဖြစ်၍ သင်​သည်​အ​ကျင့်​မ​ရှိ​ဘဲ သင်၏​ယုံ​ကြည်​ခြင်း​ကို ပြ​လော့။ ငါ​မူ​ကား၊ အ​ကျင့်​အား​ဖြင့် ငါ၏​ယုံ​ကြည်​ခြင်း​ကို ပြ​မည်​ဟု ပြော​စ​ရာ​ရှိ၏။- ဘု​ရား​သ​ခင်​တစ်​ဆူ​တည်း​ရှိ​သည်​ဟု သင်​သည်​ယုံ၏။ ကောင်း​ပေ၏။ နတ်​ဆိုး​တို့​သည် ယုံ၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ၏။ လျှပ်​ပေါ်​သော​လူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်​သည်​ကို သိ​ချင်​သ​လော။- ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ မိ​မိ​သား​ဣ​ဇာက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ တင်​လှူ​ပူ​ဇော်​သော​အ​ခါ၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။- ယုံ​ကြည်​ခြင်း​သည် အ​ကျင့်​နှင့်​အ​တူ​ပြု​ပြင်၍၊ အ​ကျင့်​အား​ဖြင့် စုံ​လင်​သည်​ကို သိ​မြင်​ရ၏။- အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏ ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏​ဟူ​သော ကျမ်း​စ​ကား ပြည့်​စုံ​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ဆွေ​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ၏။- လူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်။ အ​ကျင့်​အား​ဖြင့် ရောက်​သည်​ကို သင်​တို့​သိ​မြင်​ရ​ကြ၏။- ထို​နည်း​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်၊ တ​မန်​တို့​ကို​လက်​ခံ​ပြီး​မှ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်၍၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။- ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။