YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 1:19-25

ရှင်ယာကုပ် 1:19-25 JBMLE

သို့​ဖြစ်၍၊ ငါ​ချစ်​သော ညီ​အစ်​ကို​တို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် နား​ကြား​ခြင်း​ငှာ လျင်​မြန်​ကြ​စေ။ စ​ကား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း​ငှာ​လည်း​ကောင်း နှေး​ကြ​စေ။- လူ၏​ဒေါ​သ​အ​မျက်​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ပြု​စု​တတ်။- ထို​ကြောင့်၊ ခပ်​သိမ်း​သော​ညစ်​ညူး​ခြင်း၊ မ​နာ​လို​သော​စိတ် လွန်​ကျူး​ခြင်း​ကို ပယ်​ရှား၍၊ သင်​တို့​စိတ်​ဝိ​ညာဉ်​ကို ကယ်​တင်​နိုင်​သော၊ အ​ထဲ၌ စိုက်​ပျိုး​သော​နှုတ်​က​ပတ်​တ​ရား​ကို နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့် ခံ​ယူ​ကြ​လော့။- ကိုယ်​ကို​ကိုယ်​လှည့်​ဖြား၍၊ နှုတ်​က​ပတ်​တ​ရား​ကို နာ​ရုံ​မျှ​သာ​ပြု​သော​သူ မ​ဟုတ်၊ တ​ရား​ကို​ကျင့်​သော​သူ ဖြစ်​ကြ​လော့။- တ​ရား​ကို​မ​ကျင့်​ဘဲ နာ​ရုံ​မျှ​သာ ပြု​သော​သူ​မည်​သည်​ကား၊ မှန်၌ မိ​မိ​ပ​က​တိ​မျက်​နှာ​ကို ကြည့်​သော​သူ​နှင့်​တူ၏။- အ​ကြောင်း​မူ​ကား၊ ကိုယ်​ကို​ကိုယ်​ကြည့်​ပြီး​မှ၊ အ​ခြား​သို့​သွား၍ မိ​မိ​အ​ဆင်း​သ​ဏ္ဌာန်​ကို ချက်​ချင်း မေ့​လျော့​တတ်၏။- လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံ​လင်​သော​တ​ရား၌ စေ့​စေ့​ကြည့်​ရှု၍ တည်​ကြည်​သော​သူ​မူ​ကား၊ တ​ရား​နာ၍ မေ့​လျော့​သော​သူ မ​ဟုတ်၊ အ​ကျင့်​ကျင့်​သော​သူ​ဖြစ်​သ​ဖြင့်၊ မိ​မိ​ကျင့်​သော​အ​ကျင့်၌ မင်္ဂ​လာ​ရှိ​သော​သူ ဖြစ်၏။

​ရှင်ယာကုပ် 1:19-25 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။