YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 1:1-12

ရှင်ယာကုပ် 1:1-12 JBMLE

ဘု​ရား​သ​ခင်​နှင့် အ​ရှင်​ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ယာ​ကုပ်​သည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော တစ်​ဆယ်​နှစ်​ပါး​သော အ​မျိုး​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သည်း​ခံ​ခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက်၊ အ​ထူး​ထူး​အ​ပြား​ပြား စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း သက်​သက်​ဖြစ်​သည်​ဟု မှတ်​ကြ​လော့။- သင်​တို့​သည် အ​လျှင်း​မ​ချို့​တဲ့​ဘဲ စေ့​စပ်​စုံ​လင်​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း​စိတ်​သည် အ​ကုန်​အ​စင် ပြု​ပြင်​ပါ​စေ။ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။- သို့​ရာ​တွင် တွေး​တော​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​ရ​မည်။ တွေး​တော​ခြင်း​ရှိ​သော သူ​သည်​ကား၊ လေ​ခတ်၍​လှုပ်​ရှား​တတ်​သော လှိုင်း​တံ​ပိုး​နှင့်​တူ၏။- ထို​သို့​သော​သူ​သည် စိတ်​နှစ်​ခွ​ရှိ​သော​သူ၊ ပြု​လေ​သ​မျှ​တို့၌ မ​တည်​ကြည်​သော​သူ​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​မှ တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု မ​ထင်​မ​မှတ်​စေ​နှင့်။ အောက်​လျှိုး​နှိမ့်​ချ​သော ညီ​အစ်​ကို​သည် မိ​မိ​ချီး​မြှောက်​ခြင်း​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်​စေ။- ငွေ​ရ​တတ်​သော ညီ​အစ်​ကို​သည် မိ​မိ​နှိမ့်​ချ​ဆင်း​ရဲ​ခြင်း​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်​စေ။ အ​ကြောင်း​မူ​ကား၊ သူ​သည် မြက်​ပွင့်​ကဲ့​သို့ ဖောက်​ပြန်​ခြင်း​သ​ဘော ရှိ၏။- နေ​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်​သော​အ​ခါ၊ မြက်​ပင်​သည် သွေ့​ခြောက်​ခြင်း​သို့​ရောက်၍ အ​ပွင့်​လည်း ကြွေ​တတ်၏။ တင့်​တယ်​သော အ​သွေး​အ​ဆင်း​လည်း ပျောက်​ပျက်​တတ်၏။ ထို​နည်း​တူ၊ ငွေ​ရ​တတ်​သော​သူ​သည် မိ​မိ​အ​မှု​အ​ရာ​တို့၌ ညှိုး​နွမ်း​ပျောက်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။