YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 7:10-17

ဟေရှာယ 7:10-17 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​မှာ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ပန်​လော့။ နက်​သော​အ​ရပ်၌ ဖြစ်​စေ၊ မြင့်​သော​အ​ထက်​အ​ရပ်၌ ဖြစ်​စေ၊ တောင်း​ပန်​လော့​ဟု အာ​ခတ်​မင်း​ကို မိန့်​တော်​မူ​လျှင်၊ အာ​ခတ်​မင်း​က၊ ကျွန်ုပ်​မ​တောင်း​ပန်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို မ​စုံ​စမ်း​ပါ​ဟု ပြန်​ပြော၏။ ထို​အ​ခါ ဟေ​ရှာ​ယ​က၊ အို​ဒါ​ဝိဒ်​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် လူ​ကို ငြီး​ငွေ့​စေ​သည်​သာ​မ​က၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို​ငြီး​ငွေ့​စေ​ကြ​မည်​လော။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။ ထို​သူ​သည် မ​ကောင်း​သော​အ​ရာ​ကို​ပယ်၍၊ ကောင်း​သော​အ​ရာ​ကို ရွေး​ယူ​တတ်​သည်​တိုင်​အောင်၊ နို့​ဓမ်း​နှင့်​ပျား​ရည်​ကို စား​ရ​လိမ့်​မည်။ ထို​သူ​ငယ်​သည် မ​ကောင်း​သော​အ​ရာ​ကို မ​ပယ်၊ ကောင်း​သော​အ​ရာ​ကို မ​ရွေး​မ​ယူ​တတ်​မီ၊ သင်​ကြောက်​သော ရှင်​ဘု​ရင်​နှစ်​ဦး အ​စိုး​ရ​သော​ပြည်​သည် စွန့်​ပစ်​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​နှင့် ကွာ​သွား​သော နေ့​မှ​စ၍၊ မ​ဖြစ်​ဖူး​သော နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​လူ​များ​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​အ​မျိုး​ရင်း​အ​ပေါ်၌​လည်း​ကောင်း၊ ရောက်​စေ​တော်​မူ​မည်။