YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 65:23-25

ဟေရှာယ 65:23-25 JBMLE

ငါ​ရွေး​ကောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​မ​လုပ်​မ​ဆောင်​ရ​ကြ။ အ​သက်​တို​သော​သား​ကို မ​ဖွား​မ​မြင်​ရ​ကြ။ ကိုယ်​တိုင်​မှ​စ၍ အ​မျိုး​အ​နွယ်​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။ တော​ခွေး​နှင့် သိုး​သ​ငယ်​တို့​သည် အ​တူ​ကျက်​စား​ကြ​လိမ့်​မည်။ ခြင်္သေ့​သည် နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ မြွေ​မူ​ကား၊ မြေ​မှုန့်​ကို​သာ စား​ရ​လိမ့်​မည်။ ငါ၏​သန့်​ရှင်း​သော​တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။