YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 55:6-9

ဟေရှာယ 55:6-9 JBMLE

တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။ ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏ အ​ကြံ​အ​စည်​နှင့်​မ​တူ။ ငါ၏​အ​ကျင့်​သည်​လည်း သင်​တို့၏ အ​ကျင့်​နှင့်​မ​တူ။ မိုး​ကောင်း​ကင်​သည် မြေ​ကြီး​ထက်​သာ၍ မြင့်​သ​ကဲ့​သို့၊ ငါ၏​အ​ကျင့်​သည် သင်​တို့၏​အ​ကျင့်​ထက်​လည်း​ကောင်း၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏​အ​ကြံ​အ​စည်​ထက်​လည်း​ကောင်း သာ၍​မြင့်၏။