YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 55:1-3

ဟေရှာယ 55:1-3 JBMLE

အို ရေ​ငတ်​သော​သူ အ​ပေါင်း​တို့၊ ရေ​ရှိ​ရာ​သို့ လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ​တို့၊ လာ​ကြ။ ဝယ်၍ စား​သောက်​ကြ​လော့။ ငွေ​မ​ပါ​ဘဲ၊ အ​ဖိုး​ကို​မ​ပေး​ဘဲ​လာ၍ စ​ပျစ်​ရည်​နှင့် နို့​ကို ဝယ်​ကြ​လော့။ အ​စာ​မ​ဟုတ်​သော​အ​ရာ​အ​ဖို့ သင်​တို့​ငွေ​ကို​လည်း​ကောင်း၊ အ​မွတ်​မ​ပြေ​နိုင်​သော အ​ရာ​အ​ဖို့ သင်​တို့​ဥ​စ္စာ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ကုန်​စေ​ကြ​သ​နည်း။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျက်၊ ကောင်း​သော​အ​စာ​ကို စား​ကြ​လော့။ သင်​တို့၏​ဝိ​ညာဉ်​သည် ချို​သော​အ​ရာ​တို့၌ မိ​မိ​ကို​မိ​မိ မွေ့​လျော်​စေ​လိမ့်​မည်။ နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။