YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 55

55
က​ရု​ဏာ​တော်​ကို​ကမ်း​လှမ်း​ခြင်း
1အို ရေ​ငတ်​သော​သူ အ​ပေါင်း​တို့၊ ရေ​ရှိ​ရာ​သို့ လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ​တို့၊ လာ​ကြ။ ဝယ်၍ စား​သောက်​ကြ​လော့။ ငွေ​မ​ပါ​ဘဲ၊ အ​ဖိုး​ကို​မ​ပေး​ဘဲ​လာ၍ စ​ပျစ်​ရည်​နှင့် နို့​ကို ဝယ်​ကြ​လော့။#ဗျာ၊ ၂၁:၆၊ ၂၂:၁၇။ 2အ​စာ​မ​ဟုတ်​သော​အ​ရာ​အ​ဖို့ သင်​တို့​ငွေ​ကို​လည်း​ကောင်း၊ အ​မွတ်​မ​ပြေ​နိုင်​သော အ​ရာ​အ​ဖို့ သင်​တို့​ဥ​စ္စာ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ကုန်​စေ​ကြ​သ​နည်း။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျက်၊ ကောင်း​သော​အ​စာ​ကို စား​ကြ​လော့။ သင်​တို့၏​ဝိ​ညာဉ်​သည် ချို​သော​အ​ရာ​တို့၌ မိ​မိ​ကို​မိ​မိ မွေ့​လျော်​စေ​လိမ့်​မည်။ 3နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။#တ၊ ၁၃:၃၄။ 4ကြည့်​ရှု​လော့။ ထို​သူ​ကို ဥ​ပ​ဇ္ဈာယ်​ဆ​ရာ ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​အုပ်​စိုး​သော အ​ရှင်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​မျိုး​တို့​အား ငါ​ပေး​ပြီ။ 5ကြည့်​ရှု​လော့။ သင်​သည် မ​သိ​ဖူး​သော​လူ​မျိုး​ကို ခေါ်​လိမ့်​မည်။ သင့်​ကို မ​သိ​ဖူး​သော လူ​မျိုး​တို့​သည်​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကြောင့်၊ သင့်​ထံ​သို့ ပြေး​လာ​ကြ​လိမ့်​မည်။ ထို​ဘု​ရား​သည် သင်၏​ဘုန်း​ကို ပွင့်​စေ​တော်​မူ၏။
6တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။ 7ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။ 8ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏ အ​ကြံ​အ​စည်​နှင့်​မ​တူ။ ငါ၏​အ​ကျင့်​သည်​လည်း သင်​တို့၏ အ​ကျင့်​နှင့်​မ​တူ။ 9မိုး​ကောင်း​ကင်​သည် မြေ​ကြီး​ထက်​သာ၍ မြင့်​သ​ကဲ့​သို့၊ ငါ၏​အ​ကျင့်​သည် သင်​တို့၏​အ​ကျင့်​ထက်​လည်း​ကောင်း၊ ငါ၏​အ​ကြံ​အ​စည်​သည် သင်​တို့၏​အ​ကြံ​အ​စည်​ထက်​လည်း​ကောင်း သာ၍​မြင့်၏။
10မိုး​ရေ​နှင့် မိုး​ပွင့်​တို့​သည် မိုး​ကောင်း​ကင်​မှ ဆင်း​သက်၍ နောက်​တစ်​ဖန် မ​ပြန်၊ မြေ​သည် မျိုး​စေ့​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​လည်း​ကောင်း၊ အ​စာ​စား​သော​သူ​အား အ​စာ​ကို​လည်း​ကောင်း​ပေး​မည်​အ​ကြောင်း၊ မြေ​ကို​စို​စေ​သ​ဖြင့်၊ အ​ပင်​ပေါက်​စေ၍၊ အ​သီး​ကို သီး​စေ​သ​ကဲ့​သို့၊#၂​ကော၊ ၉:၁၀။ 11ထို​အ​တူ ငါ၏​နှုတ်​က​ပတ်​စ​ကား​သည် ဖြစ်​လိမ့်​မည်။ အ​ကျိုး​မ​ရှိ​ဘဲ ငါ့​ထံ​သို့​မ​ပြန်​ရ။ ငါ့​အ​လို​ကို ပြည့်​စုံ​စေ​မည်။ ငါ​စေ​ခိုင်း​သော​အ​မှု၌ အောင်​လိမ့်​မည်။ 12သင်​တို့​သည် ဝမ်း​မြောက်​သော စိတ်​နှင့်​ထွက်၍၊ ချမ်း​သာ​စွာ​ပို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး တောင်​ငယ်​တို့​သည် သင်​တို့​ရှေ့​မှာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်၍၊ တော၌​ရှိ​သ​မျှ​သော အ​ပင်​တို့​သည် လက်​ခုပ်​တီး​ကြ​လိမ့်​မည်။ 13အ​မျိုး​မျိုး​သော ဆူး​ပင်​အ​ရာ၌ ထင်း​ရှူး​ပင်​နှင့် မု​ရ​တု​ပင်​တို့​သည် ပေါက်​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အောက်​မေ့​ဖို့​ရာ၊ မ​ပျောက်​မ​ပျက်​ရ​သော ထာ​ဝ​ရ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 55: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ