YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 54:1-3

ဟေရှာယ 54:1-3 JBMLE

သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော မိန်း​မ​သည် လင်​ရှိ​သော​မိန်း​မ​ထက် သာ၍​များ​သော​သား​တို့​ကို ဖွား​မြင်​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သင်၏​တဲ​ရာ​ကို ကျယ်​စေ​လော့။ သင်၏​နေ​ရာ မျက်​နှာ​ကြက်​ကို ကြက်​ဦး​လော့။ နှ​မြော​သော စိတ်​မ​ရှိ​နှင့်။ ကြိုး​တို့​ကို ရှည်​စေ​ဦး​လော့။ တိုင်​တို့​ကို မြဲ​စွာ​စိုက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၌ တိုး​ပွား​လိမ့်​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​မွေ​ခံ၍၊ သူ​တို့၏ ဆိတ်​ညံ​သော​မြို့​တို့၌ နေ​ကြ​လိမ့်​မည်။