YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 5:1-7

ဟေရှာယ 5:1-7 JBMLE

ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​အ​ကြောင်း​ပြု၍၊ မေ​တ္တာ​သီ​ချင်း​ကို ရှေ့​တော်၌​ဆို​ပေ​အံ့။ မြေ​ကောင်း​သော​တောင်​ပေါ်​မှာ ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော် တစ်​ဆူ​ရှိ၏။ မြေ​ကို​တူး၍ ကျောက်​ခဲ​တို့​ကို​ရှင်း​လင်း​စေ​ပြီး​မှ၊ အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​တို့​ကို စိုက်​ပျိုး​တော်​မူ၏။ ဥ​ယျာဉ်​ထဲ​မှာ မှီ​ခို​ရာ​တဲ​လင့်​ကို​လည်း​ဆောက်၍၊ စ​ပျစ်​သီး​နယ်​ရာ ကျင်း​ကို​လည်း တူး​တော်​မူ၏။ ထို​အ​ခါ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်၊ ဗော​ရှ​သီး​ကို သီး​ပါ​သည်​တ​ကား။ ယ​ခု​မှာ အို​ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ငါ​နှင့် ငါ့​စ​ပျစ်​ဥ​ယျာဉ်​အ​မှု​ကို စီ​ရင်​ကြ​ပါ​လော့။ ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ကျေး​ဇူး​ပြု​နိုင်​လျက်၊ မ​ပြု​သေး​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်။ ဗော​ရှ​သီး​ကို အ​ဘယ်​ကြောင့် သီး​သ​နည်း။ ယ​ခု​နား​ထောင်​ကြ။ ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ပြု​ရ​မည်​အ​မှု​ကို သင်​တို့​အား ငါ​ဖော်​ပြ​မည်။ စောင်​ရန်း​ကို​ငါ​ပယ်​ရှင်း​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် စား​ကြ​လိမ့်​မည်။ အုတ်​ရိုး​ကို ငါ​ဖြို​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။ ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ စ​ပျစ်​ဥ​ယျာဉ်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တည်း။ နှစ်​သက်​တော်​မူ​သော​ပျိုး​ပင်​ကား၊ ယု​ဒ​လူ​တည်း။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​တော်​မူ​သည်​ရှိ​သော်၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း၊ ဖြော​င့်​မတ်​ခြင်း​အ​ရာ၌​လည်း ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း တွေ့​မြင်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။