YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 49:14-26

ဟေရှာယ 49:14-26 JBMLE

ဇိ​အုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​စွန့်​ပစ်​တော်​မူ​ပြီ။ ဘု​ရား​ရှင်​သည် ငါ့​ကို​မေ့​လျော့​တော်​မူ​ပြီ​ဟု ဆို​လေ​သော်၊ မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။ ငါ​သည် ကိုယ်​လက်​ဝါး၌ သင့်​ကို​စာ​ထိုး​ပြီ။ သင်၏​မြို့​ရိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ်​ရှိ၏။ သင်၏​သား​သ​မီး​တို့​သည် အ​လျင်​အ​မြန် ပြု​ကြ​လိမ့်​မည်။ သင့်​ကို လု​ယူ​ဖျက်​ဆီး​သော သူ​တို့​သည် သင့်​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ဤ​သူ​အ​ပေါင်း​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ သင်​သည် တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​သ​ကဲ့​သို့၊ ဤ​သူ​အ​ပေါင်း​တို့​ကို ဝတ်​လိမ့်​မည်။ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး ပြု​သည်​နည်း​တူ တန်​ဆာ​ဆင်​လိမ့်​မည်။ သင်၌ သုတ်​သင်​ပယ်​ရှင်း​သော အ​ရပ်၊ ပျက်​စီး​သော​ပြည်​သည် နေ​သူ​များ​သော​ကြောင့် ကျဉ်း​ကြ​လိမ့်​မည်။ သင့်​ကို ကိုက်​စား​သော သူ​တို့​သည်​လည်း ဝေး​ကြ​လိမ့်​မည်။ သင်၏​သား​များ​ဆုံး​ပြီး​မှ၊ တစ်​ဖန်​ရ​ပြန်​သော​သား​တို့​က၊ နေ​ရာ​မ​လောက်​ပါ။ နေ​စ​ရာ​အ​ရပ်​ကို​ပေး​ပါ​ဟု သင့်​အား တောင်း​ကြ​လေ​ဦး​မည်။ သင်​က​လည်း၊ ဤ​သူ​တို့​ကို ငါ့​အား အ​ဘယ်​သူ ဖြစ်​ဖွား​စေ​သ​နည်း။ ငါ​သည် သား​ဆုံး​သော​သူ၊ ဆိတ်​ညံ​လျက် နေ​ရ​သော​သူ၊ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ အ​ဝေး​သို့ လည်​ရ​သော​သူ​ဖြစ်၍၊ ဤ​သူ​တို့​ကို အ​ဘယ်​သူ မွေး​စား​သ​နည်း။ ငါ​သည် တစ်​ယောက်​တည်း နေ​ရ​သည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု အောက်​မေ့​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကြည့်​ရှု​လော့။ ငါ​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ နေ​သော လူ​မျိုး​တို့​အား လက်​ကို​ချီ၍ အ​လံ​ကို​ထူ​သ​ဖြင့်၊ သူ​တို့​သည် သင်၏​သား​သ​မီး​တို့​ကို လက်​နှင့်​ပွေ့​လျက်၊ ပ​ခုံး​ပေါ်​မှာ​ထမ်း​လျက် ဆောင်​ခဲ့​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​ဘ​ထွေး၊ မိ​ဖု​ရား​တို့​သည် သင့်​ကို မွေး​စား​သော​အ​မိ ဖြစ်​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ဦး​ညွှတ်​ပျပ်​ဝပ်၍၊ သင်၏​ခြေ၌ မြေ​မှုန့်​ကို လျက်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း သင်​သိ​လိမ့်​မည်။ လု​ယူ​ရာ​ဥ​စ္စာ​ကို အား​ကြီး​သော​သူ၏​လက်​မှ ယူ​ရ​မည်​လော။ တ​ရား​သော​သူ သိမ်း​သွား​သော လူ​တို့​ကို နုတ်​ရ​မည်​လော။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် အား​ကြီး​သော​သူ သိမ်း​သွား​သော လူ​တို့​ကို ယူ​ရ​မည်။ ကြောက်​မက်​ဖွယ်​သော​သူ လု​ယူ​ရာ​ဥ​စ္စာ​ကို နုတ်​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် ရန်​တွေ့​သော​သူ​ကို ငါ​သည် ရန်​တွေ့၍၊ သင်၏​သား​တို့​ကို ကယ်​တင်​မည်။ သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို သူ​တို့၏​အ​သား​နှင့် ငါ​ကျွေး​မည်။ ချို​သော​စ​ပျစ်​ရည်​ကို သောက်​သ​ကဲ့​သို့၊ သူ​တို့​သည် မိ​မိ​အ​သွေး​ကို​ဝ​စွာ သောက်​ရ​ကြ​မည်။ သို့​ဖြစ်၍၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကယ်​တင်​သော​အ​ရှင်၊ သင့်​ကို ရွေး​နုတ်​သော​သ​ခင်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။