YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 48

48
ဣ​သ​ရေ​လတို့​သ​စ္စာ​ပျက်​ခြင်း
1အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​ဟူ၍ သ​မုတ်​ခြင်း​ကို​ခံ​သော​သူ၊ ယု​ဒ​စမ်း​ရေ​တွင်း​မှ ထွက်​စီး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​သော​သူ၊ သ​စ္စာ​မ​ရှိ၊ တ​ရား​နှင့်​မ​ညီ​ဘဲ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သော​သူ၊ 2သန့်​ရှင်း​သော မြို့​တော်​အ​လိုက်၊ ကိုယ်​ကို​ကိုယ် သ​မုတ်​သော​သူ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ကို မှီ​ခို​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။ 3ဖြစ်​ဖူး​သော​အ​ရာ​တို့​ကို အ​ထက်​က သင်​တို့​အား ငါ​ဟော​လေ​ပြီ။ ထို​အ​ရာ​တို့​သည် ငါ့​နှုတ်​မှ​ထွက်၍ ထင်​ရှား​ကြ​ပြီ။ ချက်​ချင်း ငါ​ပြု​သော​ကြောင့် ဖြစ်​ကြ​ပြီ။ 4သင်​သည် ခိုင်​မာ​သော​သ​ဘော၊ သံ​ချောင်း​လည်​ပင်း၊ ကြေး​ဝါ​န​ဖူး​နှင့် ပြည့်​စုံ​သည်​ကို ငါ​သိ​သော​ကြောင့်၊ 5အ​ထက်​က သင့်​အား​ငါ​ဟော​ပြီ။ အ​မှု​မ​ဖြစ်​မီ ငါ​ဖော်​ပြ​ပြီ။ သို့​ဖြစ်၍ သင်​က၊ ငါ၏​ရုပ်​တု​သည် ဤ​အ​မှု​ကို​ပြု​ပြီ။ ငါ​ထု​သော​ရုပ်​တု၊ ငါ​သွန်း​သော​ရုပ်​တု​သည် ဤ​အ​မှု​ကို စီ​ရင်​ပြီ​ဟု ပြော​ရ​သော​အ​ခွင့် မ​ရှိ။ 6သင်​သည် အ​ရင်​ကြား​ရ​ပြီ။ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​လော့။ သူ​တစ်​ပါး​တို့​အား မ​ကြား​မ​ပြော​ဘဲ နေ​မည်​လော။ ယ​ခု​မှ​စ၍ အ​သစ်​သော​အ​ရာ၊ ဝှက်​ထား​သော​အ​ရာ၊ သင်​မ​သိ​သေး​သော​အ​ရာ​တို့​ကို ငါ​ဖော်​ပြ၏။ 7ထို​အ​ရာ​တို့​ကို ယ​ခု​ပင် ဖန်​ဆင်း၏။ အ​ထက်​က​ဖန်​ဆင်း​သည်​မ​ဟုတ်။ ယ​နေ့​တိုင်​အောင် သင်​သည်​မ​ကြား​စ​ဖူး။ သို့​ဖြစ်၍ သင်​က၊ ငါ​သိ​နှင့်​ပြီ​ဟု ပြော​ရ​သော​အ​ခွင့်​မ​ရှိ။ 8အ​ကယ်​စင်​စစ် သင်​သည် မ​ကြား​မ​သိ​စ​ဖူး။ သင်၏​နား​သည် အ​ထက်​က မ​ပွင့်။ အ​ကြောင်း​မူ​ကား၊ သင်​သည် သ​စ္စာ​ပျက်​လိမ့်​မည်။ ဖွား​စ​က​ပင် သင့်​ကို​သူ​ပုန်​ဟူ၍ သ​မုတ်​ရ​လိမ့်​မည်​ကို ငါ​သိ၏။ 9သို့​သော်​လည်း၊ သင့်​ကို ရှင်း​ရှင်း​မ​ပယ်​မ​ဖြတ်​ခြင်း​ငှာ၊ ငါ​သည် ကိုယ်​နာ​မ​အ​တွက် ကိုယ်​အ​မျက်​ကို ချုပ်​တည်း​မည်။ ကိုယ်​ဂုဏ်​အ​သ​ရေ​အ​တွက် သင်၏​အ​မှု၌​ငါ​သည်း​ခံ​မည်။ 10ငါ​သည် သင့်​ကို စစ်​ခဲ့​ပြီ။ သို့​သော်​လည်း၊ ငွေ​ကို စစ်​သ​ကဲ့​သို့ မ​ဟုတ်၊ ဒု​က္ခ​မှိုက်၌ သင့်​ကို စုံ​စမ်း​ခဲ့​ပြီ။ 11ကိုယ်​အ​တွက် ငါ​ပြု​ဦး​မည်။ ငါ့​နာ​မ​သည် ရှုတ်​ချ​ခြင်း​ကို အ​ဘယ်​ကြောင့် ခံ​ရ​မည်​နည်း။ ငါ့​ဂုဏ်​အ​သ​ရေ​ကို သူ​တစ်​ပါး​အား ငါ​မ​ပေး။
12အို ယာ​ကုပ်၊ ငါ​ခေါ်​သော ဣ​သ​ရေ​လ၊ ငါ့​စ​ကား​ကို နား​ထောင်​လော့။ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။#ဟေ​ရှာ၊ ၄၄:၆။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။ 13အ​ကယ်​စင်​စစ် ငါ့​လက်​သည် မြေ​ကြီး​ကို​တည်​လေ​ပြီ။ ငါ့​လက်​ယာ​လက်​သည် မိုး​ကောင်း​ကင်​ကို ကြက်​လေ​ပြီ။ ငါ​ခေါ်၍ သူ​တို့​သည် ချက်​ချင်း​ပေါ်​လာ​ကြ၏။
14ရှိ​သ​မျှ​သော​သင်​တို့၊ စည်း​ဝေး၍ နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ​တို့​ကို သင်​တို့​တွင် အ​ဘယ်​သူ​သည် ရှေး​မ​ဆွ​က ဟော​နှင့်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် ဗာ​ဗု​လုန်​မြို့၌ အ​လို​တော်​ကို ပြည့်​စုံ​စေ​မည်။ သူ၏​လက်​သည်​လည်း၊ ခါ​လ​ဒဲ​လူ​တို့​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။ 15ငါ့​ကိုယ်​တိုင်​အ​မိန့်​တော်​ရှိ​ပြီ။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ခေါ်​ပြီ။ ငါ​ဆောင်​ခဲ့​ပြီ။ သူ​သွား​သော​လမ်း၌ မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။ 16ငါ့​ထံ​သို့ ချဉ်း​ကပ်၍ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။ ရှေ့​ဦး​စွာ​မှ​စ၍ တိတ်​ဆိတ်​စွာ မ​ဟော။ အ​မှု​ဖြစ်​စ​ကာ​လ၌ ငါ​ရှိ၏။ ယ​ခု​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။
17သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ 18သင်​သည် ငါ၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ပါ​စေ​သော။ သို့​ပြု​လျှင်၊ သင်၏​ချမ်း​သာ​သည် မြစ်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။ 19သင်၏​အ​မျိုး​အ​နွယ်​သည် သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​သား​မြေး​တို့​သည်၊ သ​မု​ဒ္ဒ​ရာ ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။ သင်၏​နာ​မ​သည် ငါ့​ရှေ့​မှာ​မ​ပြတ်၊ မ​ပျက်​မ​စီး​ရ။
20ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​သံ​နှင့် ခါ​လ​ဒဲ​လူ​တို့​နေ​ရာ​မှ ပြေး​ကြ​လော့။ ဤ​သ​တင်း​စ​ကား​ကို မြေ​ကြီး​စွန်း​တိုင်​အောင် ပြန်​ပြော​မြွက်​ဆို၍ အ​သံ​ကို​လွှင့်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့။#ဗျာ၊ ၁၈:၄။ 21သူ​တို့​သည် တော​လမ်း​ဖြင့်​ဆောင်​သွား​တော်​မူ​ခြင်း​ကို ခံ​သော​အ​ခါ ရေ​မ​ငတ်​ကြ။ သူ​တို့​အ​ဖို့ ကျောက်​ထဲ​က​ရေ​ကို စီး​စေ​တော်​မူ၏။ ကျောက်​ခဲ​ကို​ပင် ခွဲ​တော်​မူ​သ​ဖြင့်၊ ရေ​သည် စီး​ထွက်​လေ၏။ 22မ​တ​ရား​သော​သူ​တို့၌ ချမ်း​သာ​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။#ဟေ​ရှာ၊ ၅၇:၂၁။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 48: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ