YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 47

47
ဗာ​ဗု​လုန်​မြို့​ကို​စီ​ရင်​ခြင်း
1အို ဗာ​ဗု​လုန် သ​တို့​သ​မီး​က​ညာ၊ ဆင်း၍ မြေ​မှုန့်၌​ထိုင်​လော့။ အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ ရာ​ဇ​ပ​လ္လင်​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ​ထိုင်​လော့။ သင့်​ကို နူး​ညံ့​သိမ်​မွေ့​သော​သူ​ဟူ၍ နောက်​တစ်​ဖန်​မ​ခေါ်​ရ။#ဟေ​ရှာ၊ ၁၃:၁-၁၄:၂၃။ ယေ၊ ၅၀:၁-၅၁:၆၄။ 2ကြိတ်​ဆုံ​ကို​ယူ၍ စ​ပါး​ကို ကြိတ်​လော့။ မျက်​နှာ​ဖုံး​ကို ဖွင့်​လော့။ ရှည်​သော​အင်္ကျီ​ကို ချွတ်​လော့။ ပေါင်​အ​ဝတ်​ကို​ပင့်၍ မြစ်​ကို​ကူး​လော့။ 3သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်။ ငါ​သည် အ​ပြစ်​ဒဏ်​ကို ပေး​မည်။ အ​ဘယ်​သူ​နှင့်​မျှ မိတ်​သ​ဟာ​ယ​မ​ဖွဲ့။
4ငါ​တို့​ကို ရွေး​နုတ်​သော​သူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။
5အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ တိတ်​ဆိတ်​စွာ ထိုင်​လော့။ မိုက်​ရာ​သို့ သွား​လော့။ သင့်​ကို နိုင်​ငံ​တို့၏​အ​ရှင်​မ​ဟူ၍ နောက်​တစ်​ဖန် မ​ခေါ်​ရ။ 6ငါ​သည် ငါ၏​လူ​တို့​ကို​အ​မျက်​ထွက်​သော​ကြောင့်၊ ငါ၏​အ​မွေ​ကို​ရှုတ်​ချ၍ သင့်​လက်​သို့ အပ်​လိုက်၏။ သင်​သည် သ​နား​သော​စိတ်​မ​ရှိ။ အ​သက်​ကြီး​သူ​တို့​အ​ပေါ်​မှာ လေး​သော​ထမ်း​ပိုး​ကို တင်​လေ​ပြီ။ 7သင်​က​လည်း၊ ငါ​သည် အ​ရှင်​မ၏​အ​ရာ၌ အ​စဉ်​အ​မြဲ​နေ​မည်​ဟု ထင်​သော​ကြောင့်၊ ဤ​အ​မှု​အ​ရာ​တို့​ကို မ​ဆင်​ခြင်။ သင်၌ နောက်​ဆုံး​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို မ​အောက်​မေ့။ 8ထို​ကြောင့်၊ ကာ​မ​ဂုဏ်၌​ပျော်​မွေ့၍၊ သော​က​ကင်း​လွတ်​လျက် နေ​သော​သူ၊ ငါ​ရှိ၏။ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ။ ငါ​သည် မု​ဆိုး​မ​ကဲ့​သို့ ထိုင်၍​မ​နေ​ရ။ သား​ဆုံး​ခြင်း​ကို ငါ​မ​ခံ​ရ​ဟု အောက်​မေ့​သော​သူ၊ နား​ထောင်​လော့။#ဗျာ၊ ၁၈:၇-၈။ 9သင်​သည် ပြု​စား​သော​အ​တတ်​နှင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​များ​တို့​ကို အ​လွန်​ပြု​စု​သော်​လည်း၊ တစ်​နေ့​တစ်​ခ​ဏ​ခြင်း​တွင် သား​ဆုံး​ခြင်း​နှင့် လင်​ဆုံး​ခြင်း​တည်း​ဟူ​သော ဘေး​နှစ်​ပါး​တို့​သည် သင်၌​ရောက်​လိမ့်​မည်။ သင်၏​အ​ပေါ်၌ အ​ကုန်​အ​စင် သင့်​ရောက်​လိမ့်​မည်။ 10သင်​သည် ကိုယ်​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ကိုး​စား​ပြီ။ ငါ့​ကို အ​ဘယ်​သူ​မျှ​မ​မြင်​ဟု ဆို​ပြီ။ သင့်​ဉာဏ်​နှင့် သင့်​ပ​ညာ​အ​တတ်​သည်၊ သင်၏​စိတ်​ကို မှောက်​လှန်​သည်​ဖြစ်၍၊ သင်​က​ငါ​ရှိ၏၊ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု အောက်​မေ့​ပြီ။ 11ထို​ကြောင့်၊ အ​ဆုံး​မ​ထင်​သော ဘေး​ဥ​ပဒ်​သည် သင်၏​အ​ပေါ်​မှာ ရောက်​လိမ့်​မည်။ သင်​သည် မ​ဖြေ​နိုင်​သော အ​ပြစ်​ဒဏ်​နှင့်​လည်း​ကောင်း၊ မ​မျှော်​လင့်​နိုင်​အောင် ချက်​ချင်း ဖျက်​ဆီး​ခြင်း​နှင့်​လည်း​ကောင်း တွေ့​ကြုံ​ရ​လိမ့်​မည်။ 12သင်​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ ကြိုး​စား​အား​ထုတ်​သော နတ်​ဝိ​ဇ္ဇာ​အ​တတ်​နှင့်၊ ပြု​စား​သော​အ​တတ် အ​မျိုး​မျိုး​တို့​ကို အ​မှီ​ပြု၍ တည်​နေ​လော့။ အ​ကျိုး​ကို ရ​ကောင်း​လျှင် ရ​လိမ့်​မည်။ နိုင်​ကောင်း​လျှင် နိုင်​လိမ့်​မည်။ 13သင်​သည် များ​ပြား​သော​တိုင်​ပင်​ခြင်း​အား​ဖြင့် ပင်​ပန်း​လှ​ပြီ။ မိုး​ကောင်း​ကင်​ကို ကြည့်​ရှု​သော​သူ၊ ကြယ်​န​က္ခတ်​တို့​ကို မှတ်​သော​သူ၊ သင်၌​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို၊ လ၏​အ​ခြင်း​အ​ရာ​အား​ဖြင့် ဟော​တတ်​သော သူ​တို့​သည်​ထ၍ သင့်​ကို​ယ​ခု ကယ်​တင်​ကြ​စေ။ 14သူ​တို့​သည် အ​မှိုက်​ကဲ့​သို့​ဖြစ်၍ မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ မီး​အ​ရှိန်​မှ မိ​မိ​တို့​ကို မ​ကယ်​မ​နုတ်​ရ​ကြ။ နွေး​စ​ရာ​ဖို့ မီး​တစ်​ခဲ​မျှ၊ လှုံ​စ​ရာ​ဖို့ မီး​အ​လျှင်း​မျှ မ​ကျန်​ရစ်​ရ။ 15သင်​နှင့် ဝိုင်း​ညီ၍ အ​မှု​ဆောင်​ရွက်​သော​သူ၊ သင်​ငယ်​သော အ​ရွယ်​မှ​စ၍ သင်​နှင့် ဖောက်​ကား​ရောင်း​ဝယ်​သော​သူ​တို့​သည် သင်၌ ထို​သို့​ဖြစ်​ကြ၍၊ ကိုယ်​စီ​ကိုယ်​စီ မိ​မိ​နေ​ရာ​အ​ရပ်​သို့​လွှဲ​သွား​သ​ဖြင့်၊ သင့်​ကို ကယ်​တင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ရ။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 47: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ