YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 43:22-28

ဟေရှာယ 43:22-28 JBMLE

သို့​သော်​လည်း၊ အို ယာ​ကုပ်​အ​မျိုး၊ သင်​သည် ငါ့​ကို​ပ​တ္ထ​နာ​မ​ပြု။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ငါ့​ကို ငြီး​ငွေ့​သည်​တ​ကား။ မီး​ရှို့​ရာ သိုး​သ​ငယ်​ကို ငါ့​ထံ​သို့​မ​ဆောင်​ခဲ့။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ့​ကို မ​ချီး​မြှောက်။ ငါ​သည် သင့်​ကို အ​လှူ​ဒါ​န​နှင့် အ​မှု​မ​ထမ်း​စေ။ လော​ဗန်​ကို တောင်း၍ သင့်​ကို မ​ပင်​ပန်း​စေ။ သင်​သည် မွှေး​သော​ကြံ​ကို ငါ့​ဖို့ ငွေ​နှင့်​မ​ဝယ်။ ပူ​ဇော်​သော​ယဇ်​ကောင်​ဆီ​ဥ​နှင့် ငါ့​ကို ဝ​စွာ​မ​ကျွေး။ သင်​သည် ဒု​စ​ရိုက်​အ​ပြစ်​နှင့် ငါ့​ကို အ​မှု​ထမ်း​စေ​ပြီ​တ​ကား။ အ​ဓ​မ္မ​အ​မှု​ကို​ပြု၍ ငါ့​ကို​ပင်​ပန်း​စေ​ပြီ​တ​ကား။ ငါ​တစ်​ပါး​တည်း​သာ​လျှင် ကိုယ်​အ​တွက်​ကြောင့်၊ သင်၏​အ​ပြစ်​တို့​ကို ဖြေ​မည်။ သင်၏​ဒု​စ​ရိုက်​အ​မှု​တို့​ကို မ​အောက်​မေ့။ ငါ့​ကို သ​တိ​ပေး​လော့၊ တ​ရား​တွေ့​ကြ​ကုန်​အံ့။ သင်​သည် အ​ပြစ်​လွတ်​မည်​အ​ကြောင်း ပြော​လော့။ သင်၏ ပ​ထ​မ​အ​ဘ​သည် ဒု​စ​ရိုက်​ကို​ပြု​ပြီ။ သင်၏​ဆ​ရာ​တို့​သည် ငါ့​ကို ပြစ်​မှား​ကြ​ပြီ။ ထို​ကြောင့်၊ သန့်​ရှင်း​ရာ​ဌာ​န၏​မင်း​တို့​ကို ငါ​ရှုတ်​ချ​ပြီ။ ယာ​ကုပ်​အ​မျိုး​သည် ကျိန်​ဆဲ​ခြင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​စေ​ခြင်း​ငှာ​ငါ​စွန့်​ပြီ။