YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 43:1-7

ဟေရှာယ 43:1-7 JBMLE

အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်၊ သင့်​ကို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မ​စိုး​ရိမ်​နှင့်။ သင့်​ကို ငါ​ရွေး​နုတ်​ပြီ။ ငါ့​နာ​မ​ဖြင့် မှည့်​ပြီ။ သင့်​ကို ငါ​ဆိုင်၏။ သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင့်​ကို ရွေး​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သင့်​ကို​ရွေး​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း၊ သင့်​အ​တွက် ကု​ရှ​ပြည်​နှင့် သေ​ဘ​ပြည်​ကို​လည်း​ကောင်း ငါ​ပေး၏။ သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်​နှင့်​အ​တူ ရှိ၏။ အ​ရှေ့​မျက်​နှာ​မှ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဆောင်​ခဲ့​မည်။ အ​နောက်​မျက်​နှာ​မှ သင့်​ကို စု​သိမ်း​မည်။ အပ်​လော့​ဟု မြောက်​မျက်​နှာ​ကို​လည်း​ကောင်း၊ မ​ထိမ်​နှင့်​ဟု တောင်​မျက်​နှာ​ကို​လည်း​ကောင်း ငါ​ပြော​မည်။ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ငါ့​သား​သ​မီး​တည်း​ဟူ​သော၊ ငါ့​နာ​မ​ဖြင့် သ​မုတ်​သော​သူ၊ ငါ၏​ဘုန်း​အ​သ​ရေ​ဖို့ ငါ​ဖန်​ဆင်း​ပြု​ပြင်၍၊ ဧ​ကန်​စင်​စစ် လုပ်​ပြီး​သော သူ​အ​ပေါင်း​တို့​ကို ဆောင်​ခဲ့​လော့​ဟု ငါ​ပြော​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။