YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 40:18-26

ဟေရှာယ 40:18-26 JBMLE

သို့​ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​နှင့် အ​ဘယ်​မည်​သော ပုံ​သ​ဏ္ဌာန်​တူ​သည်​ဟု ဆို​ရ​အံ့​နည်း။ ပန်း​တဉ်း​သ​မား​သည် ရုပ်​တု​ကို​သွန်း​ပြီး​မှ၊ ပန်း​ထိမ်​သ​မား​သည် ရွှေ​နှင့်​မွမ်း​မံ၍၊ ငွေ​ကြိုး​ကို​လည်း လုပ်​တတ်၏။ အ​ဖိုး​ထိုက်​သော အ​လှူ​ကို မ​လှူ​နိုင်​သော​သူ​သည်၊ မ​ဆွေး​မြေ့​တတ်​သော သစ်​သား​ကို​ရွေး​ကောက်​ပြီး​မှ၊ မြဲ​မြံ​သော​ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ၊ လိ​မ္မာ​သော​လက်​သ​မား​ကို ရှာ​တတ်၏။ သင်​တို့​သည် မ​သိ​ကြ​သ​လော။ မ​ကြား​ကြ​သ​လော။ ရှေ့​ဦး​စွာ​မှ​စ၍ သင်​တို့​အား မ​ဖော်​မ​ပြ​သ​လော။ မြေ​ကြီး​တည်​သည် အ​ကြောင်း​ကို နား​မ​လည်​ကြ​သ​လော။ မြေ​ကြီး​စက်​အ​ပေါ်​မှာ ထိုင်၍၊ မြေ​ကြီး​သား​တို့​ကို နှံ​ကောင်​ကဲ့​သို့ မှတ်​တော်​မူ​ထ​သော၊ မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့ ကြက်၍၊ နေ​စ​ရာ​တဲ​ကဲ့​သို့ ဖြန့်​တော်​မူ​ထ​သော၊ မင်း​တို့​ကို ရှုတ်​ချ၍၊ မြေ​ကြီး​တ​ရား​သူ​ကြီး​တို့​ကို အ​န​တ္တ​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​သော​သူ​ပေ​တည်း။ အ​ကယ်​စင်​စစ် သူ​တို့​ကို မ​စိုက်​မ​ပျိုး​ရ။ အ​ကယ်​စင်​စစ် သူ​တို့၏​မျိုး​စေ့​ကို မ​ကြဲ​ရ။ အ​ကယ်​စင်​စစ် သူ​တို့​အ​ပင်​သည် မြေ၌ အ​မြစ်​မ​စွဲ​ရ။ သူ​တို့​အ​ပေါ်​မှာ မှုတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ညှိုး​နွမ်း​သွေ့​ခြောက်၍၊ လေ​ပွေ​သည် သူ​တို့​ကို ဖွဲ​ကဲ့​သို့ တိုက်​လွှင့်​လိမ့်​မည်။ သို့​ဖြစ်၍၊ ငါ့​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ ငါ​သည် အ​ဘယ်​သူ​နှင့် တူ​ရ​အံ့​နည်း​ဟု သန့်​ရှင်း​သော​ဘု​ရား မေး​တော်​မူ၏။ အ​ထက်​သို့ မျှော်​ကြည့်​ကြ​လော့။ ထို​အ​ရာ​တို့​ကို အ​ဘယ်​သူ ဖန်​ဆင်း​သ​နည်း။ ထို​သူ​သည် သူ​တို့​အ​လုံး​အ​ရင်း​ကို အ​ရေ​အ​တွက်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို နာ​မည်​ဖြင့်​ခေါ်​တော်​မူ၏။ ခွန်​အား​ကြီး၍ တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ခု​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။